ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ ကုန်ကျစရိတ် လျှော့ချမှုတွေ လုပ်နေပေမဲ့ မန်ယူအသင်းရဲ့ စုစုပေါင်း အကြွေးဟာ ပေါင် ၁ ဘီလီယံကျော် ဆက်ရှိနေသေးတယ်လို့ သိရပါတယ်။
ဥရောပပြိုင်ပွဲ မဝင်ရပေမဲ့ အသင်းရဲ့ ဝင်ငွေကတော့ စံချိန်တင် ပေါင် ၆၇၇ ဒသမ ၆ သန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အသင်းဟာ အကြွေးတွေထဲက ပေါင် ၆၃ ဒသမ ၅ သန်းကို ကွင်းသစ်ဆောက်မဲ့ မြေနေရာဝယ်ဖို့ သုံးခဲ့တာပါ။
ဒါပေမဲ့ နွေရာသီမှာ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ အသင်းအတွက် ကစားသမားသစ် ၃ ယောက်ကို ပေါင် ၁၄၈ သန်းသာ သုံးစွဲခဲ့လို့ ပရိသတ်တွေကတော့ ဒေါသထွက်နေကြပါတယ်။
ရှေ့ဆက်ပြီး ဘဏ္ဍာရေးအခြေအနေ တည်ငြိမ်အောင် ဆက်လုပ်သွားမယ်လို့ အသင်းအမှုဆောင်ချုပ် က ပြောပါတယ်။
နည်းပြဟောင်း အာမိုရင်ကို လျော်ကြေးပေးရမှု သက်သာခဲ့ပေမဲ့ အသင်းရဲ့ အသားတင် ဘဏ္ဍာရေး ကုန်ကျစရိတ်ကတော့ နိုင်ငံခြားငွေလဲလှယ်နှုန်းကြောင့် ပိုတက်လာတယ်လို့ သိရပါတယ်။











