DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ရွှေဈေးတက်၊ ပြည်တွင်းရွှေဈေး တကျပ်သားကို ကျပ် ၁၀၃ သိန်း ကျော်လာ
DVB
·
August 22, 2026
Photo : DVB
Photo : DVB
Donate to DVB

ကမ္ဘာ့ရွှေဈေးဟာ ဒေါ်လာ ၄,၅၈၀ ကျော်အထိ ဆက်လက်မြင့်တက်နေသလို ပြည်တွင်းရွှေဈေး လည်း တကျပ်သားကို ကျပ် ၁၀၃ သိန်း ကျော်အထိ ဆက်လက်မြင့်တက်လာပါတယ်။

ဩဂုတ် ၁၈ ရက်က တအောင်စကို ဒေါ်လာ ၄,၃၆၅ ဝန်းကျင်သာရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ ဩဂုတ် ၂၁ ရက် ညနေပိုင်းမှာတော့ ဒေါ်လာ ၄,၅၈၀ ကျော်အထိ မြင့်တက်လာပါတယ်။ ဒါဟာ ရက်ပိုင်း အတွင်း ဒေါ်လာ ၂၀၀ ကျော် ၊ ၅ ရာခိုင်နှုန်းနီးပါး ခုန်တက်သွားတာ ဖြစ်ပါတယ်။

ဒီလို ရွှေဈေးတက်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ အမေရိကန်အစိုးရက ရေရှည် ငွေတိုက် စာချုပ် ပြန်လည်ဝယ်ယူမှုကို အနည်းဆုံး ၂ ဆတိုးမြှင့်မဲ့ အစီအစဉ်ကြောင့် ဒေါ်လာဈေးနဲ့ ငွေတိုက် စာချုပ်အမြတ်နှုန်းတွေ အားနည်းသွားတာကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ငွေကြေးဈေးကွက် မတည်ငြိမ်မှုနဲ့ ပထဝီနိုင်ငံရေးတင်းမာမှုတွေကလည်း ရွှေဝယ်လို အားကို ပိုမိုမြင့်တက်စေခဲ့တယ်လို့ ဆိုကြပါတယ်။

ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းရွှေဈေးကလည်း ရက်ပိုင်းအတွင်း ကျပ် ၂ သိန်းဝန်းကျင် လိုက်ပါ မြင့်တက်လာပါတယ်။ ဩဂုတ် ၁၉ ရက်မှာ ကျပ် ၁၀၁ သိန်းဝန်းကျင်ရှိရာကနေ ဩဂုတ် ၂၀ ရက်မှာ ၁၀၂ သိန်း၊ ဩဂုတ် ၂၁ ရက်မှာတော့ ကျပ် ၁၀၃ သိန်းကျော် အထိ ဆက်တိုက်မြင့်တက်လာတာ ဖြစ်ပါတယ်။

အခုနှစ်အတွင်း ပြည်တွင်းရွှေဈေးဟာ ဇန်နဝါရီလမှာ ကျပ် ၁၁၈ သိန်းကျော်၊ မတ်လမှာ ၁၁၃ သိန်းနဲ့ ဧပြီလမှာ ၁၁၀ သိန်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ဖူးပြီး၊ ယခုအခါမှာလည်း ကမ္ဘာ့ရွှေဈေး အတက်ပြမှုကြောင့် ပြည်တွင်းဈေးပါ ပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013