
ယူကရိန်းဒရုန်းတွေဟာ ရုရှားကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ရုရှားလေပိုင်နက် အသုံးပြုတဲ့သူတွေအတွက် အန္တရာယ်ပိုကြီးမားလာကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက စက်တင်ဘာ ၁ ရက်မှာ ပြောပါတယ်။
ရုရှားစစ်ပွဲအတွက် အထောက်အကူဖြစ်တဲ့ အဆောက်အအုံတွေ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်တာက ကိုယ်ကိုယ်ကိုယ်ကာကွယ်ခွင့်ကို အသုံးပြုနေတာဖြစ်ကြောင်း ဇလန်းစကီးက ဗွီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။
ဇလန်းစကီးက “ဒီနေ့ ရုရှားလေကြောင်းတွေ၊ လေဆိပ်တွေ အသုံးပြုနေတဲ့ လူတိုင်းကို သတိပေးချင် ပါတယ်။ ရုရှားလေကြောင်းက လုံးဝ မလုံခြုံတော့ပါဘူး။ ယူကရိန်းက အရပ်သားတွေကို တိုက်ခိုက်တာမျိုး ခြိမ်းခြောက်တာမျိုးမရှိပါဘူး။ ရုရှားလေပိုက်နက်ထဲမှာ ယူကရိန်းဒရုန်းတွေ တပ်ဖြန့်ထားဖို့ပါ။ ရုရှားအာဏာပိုင်တွေကတော့ ဒီကိစ္စကို သတိပေးဖို့ မလိုဘူးလို့ ထင်နေပေမဲ့ ရုရှားလေပိုင်နက်က ပိတ်သွားပါပြီ။ ရုရှားတို့ စတင်ခဲ့တဲ့ စစ်ပွဲက သူတို့ရဲ့ လေပိုင်နက်ကို ပိတ်ဆို့ နေပါပြီ” လို့ ပြောပါတယ်။
ရုရှားလေပိုင်နက်ထဲမှာ ဒရုန်းတွေ ရှိလာမှာကို ထည့်တွက်ရမယ်လို့ ဇလန်းစကီးက ပြောခဲ့ပြီး လေကြောင်းလိုင်းတွေ၊ အသုံးပြုသူတွေနဲ့ ကုမ္ပဏီတွေဟာ လုံးဝ လုံခြုံမှုမရှိတော့ဘူးလို့ သတိပေးခဲ့ တာပါ။
Source:Reuters











