
ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမာဘတ်က အစိုးရပိုင်ဆေးရုံတရုံမှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှု အတွင်း ကလေးငယ် ၁၄ ယောက်ထက်မနည်း သေဆုံးခဲ့ပြီးတဲ့နောက် တာဝန်ခံမယ်လို့ ပါကစ္စတန် ကျန်းမာရေးဝန်ကြီး မူစတာဖာကမာလ်က သြဂုတ် ၂၆ရက်မှာ ကတိပြုပါတယ်။
ဗုဒ္ဓဟူးနေ့ မနက် ၇ နာရီလောက်မှာ ဆေးရုံရဲ့ မိခင်နဲ့ ကလေးကျန်းမာရေးဆောင်ရဲ့ တတိယထပ်က ပါကစ္စတန်ဆေးသိပ္ပံဌာန မီးစလောင်ခဲ့တာလို့ Geo TV ရုပ်သံလိုင်းက ပြောခဲ့ပြီး သေဆုံးသူ ၁၅ ယောက် ရှိတယ်လို့ ဆက်ပြောပါတယ်။
အစိုးရက ကျန်းမာရေးစောင့်ရှောက်မှုကို ထောက်ပံ့ပေမဲ့ အဆောက်အအုံတွေမှာ အရင်းအမြစ် နည်းပါးပြီး ဝန်ထုပ်ဝန်ပိုးတွေများတဲ့ နိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်း အသေအပျောက် အများဆုံး ဆေးရုံမီးလောင်မှုတွေထဲက တမှု ဖြစ်ခဲ့ပါတယ်။
စောင့်ကြည့်ရေးအဖွဲ့တွေကတော့ အစိုးရပိုင်အဆောက်အအုံတွေကို စီမံခန့်ခွဲမှုညံ့ဖျင်းတယ်လို့ မကြာခဏဝေဖန်ခဲ့ကြပါတယ်။
မီးလောင်ချိန်မှာ ဝန်ထမ်းတွေ၊ ဆရာဝန်တွေ မရှိဘူးဆိုတဲ့ စွပ်စွဲချက်တွေကို ကမာလ်က ငြင်းဆို ပါတယ်။
ဝန်ကြီးချုပ် ရှက်ဘတ်ဇ်ရှာရစ်ဖ်က စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးပြီးတဲ့နောက် နာရီပိုင်းအကြာမှာ ကျန်းမာရေးဝန်ကြီးကို ရာထူးကနေ ရပ်ဆိုင်းခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ပြီးခဲ့တဲ့အပတ်က ဆေးစစ်ဖို့ ခဏတက်ခဲ့တဲ့ PIMS ဆေးရုံဟာ လည်း အစ္စလာမာဘတ်မြို့လယ်မှာ တည်ရှိပြီး လူဦးရေ ၁ ဒသမ ၁ သန်း လောက် ရှိတဲ့ မြို့ထဲမှာ အဓိကပြည်သူ့ဆေးရုံတွေထဲက တခုဖြစ်ခဲ့ပါတယ်။
Source: Reuters











