DVB Logo
Home
နိုင်ငံတကာ
ဆီးရီးယားမြို့တော်၌ ပေါက်ကွဲမှုကြောင့် လူ ၉ ဦး သေဆုံးပြီး  ၂၀  ဒဏ်ရာရ
DVB
·
July 6, 2026
Photo: REUTERS/Yamaam Al Shaar
Photo: REUTERS/Yamaam Al Shaar
Donate to DVB

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့လယ်က ကော်ဖီဆိုင်တဆိုင်မှာ ဇူလိုင် ၂ ရက်က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ ၉ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဇူလိုင် ၄ ရက်မှာ ဖော်ပြပါတယ်။ 

ပေါက်ကွဲမှုကြောင့် သမိုင်းဝင်ရပ်ကွက်မှာ ထိတ်လန့်ခဲ့ပြီး အကြီးစား လုံခြုံရေးသတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။

တစ်ကီလိုဂရမ်လောက် အလေးချိန်ရှိပြီး သတ္တုအပိုင်းအစတွေနဲ့ ပြည့်နှက်နေတဲ့ လက်လုပ်ဖောက်ခွဲရေး ပစ္စည်းတခုကြောင့် ဒေသစံတော်ချိန် ညနေ ၃ နာရီဝန်းကျင်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

တရားရေးနန်းတော်ရဲ့ အနောက်ဘက် မီတာ ၇၀ လောက်အကွာ ဟစ်ဂျ်ဂျဇ် ဧရိယာက အယ်လ်နတ်ဆာလမ်းမှာရှိတဲ့ ကော်ဖီဆိုင်ထဲမှာ ပေါက်ကွဲခဲ့တာလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

မြင်ကွင်းက ထိတ်လန့်စရာကောင်းပြီး စိတ်ကူးနိုင်တာထက် ပိုတယ်လို့ ပေါက်ကွဲမှုမှာ ဒဏ်ရာရခဲ့တဲ့ ရှေ့နေအဗ်ဒူဟာမစ်ဒ်အယ်လ် ခါလီဖှီက ပြောပါတယ်။

ပေါက်ကွဲမှုက သမိုင်းဝင်ခရိုင်တခုလုံးကို တုန်လှုပ်စေခဲ့တယ်လို့ မျက်မြင်သက်သေ ရှေ့နေ ဝါလိဒ် အယ်လ်-ကာဒီက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကော်ဖီဆိုင်ထဲ ထိုင်နေတဲ့ ရှေ့နေတချို့လည်း ပါပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ ရောက်လာပြီး ဧရိယာကို ပိတ်ဆို့ထားချိန်မှာ လူနာတင်ယာဉ်အဖွဲ့တွေနဲ့ အရပ်ဘက်ကာကွယ်ရေးအဖွဲ့တွေက ဒဏ်ရာရသူတွေကို အနားက ဆေးရုံတွေဆီ အမြန်ပို့ဆောင်ပေးခဲ့ပါတယ်။

ကြာသပတေးနေ့အစောပိုင်းမှာ ထိခိုက်ဒဏ်ရာရသူအားလုံးကို ဆေးရုံတွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ အရေးပေါ်အရာရှိတွေကို ကိုးကားပြီး ဆီးရီးယားနိုင်ငံပိုင်သတင်းဌာန SANA က ဖော်ပြပါတယ်။ ခုအချိန်အထိ ပေါက်ကွဲမှုအတွက် ဘယ်အဖွဲ့ကမှ တာဝန်ယူကြောင်း မပြောကြသေးပါဘူး။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013