DVB Logo
Home
မြန်မာသတင်း
ငပလီမြို့ကို နှစ်ရက်ဆက်တိုက် စစ်တပ် ဗုံးကြဲ၊ အမျိုးသမီး ၃ ဦးသေဆုံး
DVB
·
April 24, 2026
Photo- CINCDS
Photo- CINCDS
Donate to DVB

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့ပတ်ဝန်းကျင်ကို စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်နေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငပလီမြို့ ပတ်ဝန်းကျင်ကို ဒီနေ့ နေ့လယ် ၁ နာရီလောက်က စတင်ပြီးတော့ စစ်ကောင်စီက ဂျက်ဖိုက်တာ ၆ စီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး Y-12 တွေနဲ့လည်း ဆက်တိုက် ကင်းထောက် နေတာကြောင့် ဒေသခံတွေဟာ ဗုံးခိုကျင်းတွေမှာ ဝင်ပုန်းနေကြရတယ်လို့ သံတွဲဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

“ဒီနေ့လည်း ငပလီပတ်ဝန်းကျင်းကို ပတ်ပြီးတော့ ဗုံးကြဲနေတယ်။ လက်ရှိအချိန်ထိ ပတ်ပြီးတော့ ဗုံးကြဲနေတုန်းပဲ။ အကုန်လုံး ဗုံးခိုကျင်းမှာ ဝင်ပုန်းနေကြရတယ်။ ဂျက်ဖိုက်တာ ၆ စီးနဲ့ ပတ်ကြဲ နေတာ။ Y-12 နဲ့လည်း ကင်းထောက်နေတယ်။ ဘယ်နေရာတွေမှာ ကျလဲဆိုတာတော့ မသိ ရသေးဘူး” လို့ ပြောပါတယ်။

ဧပြီ ၂၃ ရက်နေ့ နေ့လယ်ပိုင်းကလည်း သံတွဲမြို့နယ် ငပလီမြို့ လမ်းဆုံနဲ့ ဇီးဖြူကုန် ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၃ ယောက် သေဆုံးပြီး နေအိမ် ၁၀ လုံး ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

“ငပလီလမ်းဆုံနဲ့ ဇီးဖြူကုန်းရပ်ကွက်ကို လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ။ အမျိုးသမီး ၃ ဦး သေဆုံးခဲ့တာ ရှိတယ်။ ထိခိုက်ဒဏ်ရာရရှိသူ တချို့လည်း ရှိသလို အိမ်လည်း ၁၀ ဆောင် ထိခိုက် ပျက်စီးသွားတာ ရှိတယ်။ အသေးစိတ် အခြေအနေကတော့ ကျနော်လည်း ပြောပြလို့ မရသေးဘူး။ ဒေသခံတချို့လည်း စိုးရိမ်စိတ်နဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်။”

စစ်ကောင်စီက ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်နေတာကြောင့် သံတွဲဒေသခံတွေဟာ စိုးရိမ် ကြောက်လန့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ဒေသခံ အမျိုးသမီးငယ်တယောက်က  “ရခိုင်ပြည်မှာ တရက်တရက် လေကြောင်းတိုက်ခိုက်လို့ သတင်းဆိုးတွေပဲ နေ့တိုင်းကြားနေရတယ်။ ပြည်သူတွေလည်း စိုးရိမ်စိတ်အပြည့်နဲ့ပဲ နေထိုင် ကြရတယ်။ ဘယ်နေ့ ကိုယ်နေတဲ့ဒေသကို ဗုံးကြဲမလဲ ဆိုပြီးတော့ စိုးရိမ်စိတ်တွေနဲ့ပဲ ဖြတ်သန်း နေကြရတယ်။ အသက်တချောင်း ရှင်သန်ဖို့ စိုးရိမ်စိတ်တွေနဲ့ပဲ ဖြတ်သန်းနေကြရတာ” လို့ ပြောပါတယ်။

ဧပြီ ၁ ရက်ကလည်း သံတွဲမြို့နယ်ရှိ ခလရ-၅၅ တပ်ရင်းအနီးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ယောက်အပါဝင် မိသားစုဝင် ၄ ယောက် သေဆုံး ခဲ့ကြရပါတယ်။

ဧပြီ ၁၆ ရက်ကနေ ၁၉ ရက်အထိ ၄ ရက်အတွင်းမှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ ပလက်ဝမြို့နယ်တို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတယောက် သေဆုံးပြီး ၁၄ ယောက် ထိခိုက်ဒဏ်ရာရရှိကာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ လမ်း တံတားတွေနဲ့ အိမ်နေတချို့ မီးလောင်ပျက်စီးသွားတယ်လို့ AA က ထုတ်ပြန်ခဲ့ပါတယ်။

စစ်အာဏာရှင်က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ပြီးနောက် ရခိုင်က မြို့၊ ရွာတွေကို လေကြောင်းကနေ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် အထူးသတိထားကြဖို့နဲ့ နေအိမ်တိုင်းမှာ ဗုံးခိုကျင်းတွေ တူးထားကြဖို့ကို လည်း အာရက္ခတပ်တော်ဘက်က အထူးတိုက်တွန်းထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013