DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
နန်းမယ်ခုံကို စစ်တပ် ဒရုန်းဗုံးကြဲ၊ ပြည်သူ ၁ ဦး သေဆုံး
DVB
·
September 15, 2026
Photo: ဒေသခံ
Photo: ဒေသခံ
Donate to DVB

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့နယ်ထဲက ကျေးရွာတရွာကို စစ်အာဏာရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ပြည်သူ ၁ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာ စစ်တပ်ရဲ့ အသေခံ ဒရုန်း ၂ စင်းဝဲပြီး ၁ စင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။

“Suicide နဲ့ ဝင်ကြဲသွားတာ၊ တယောက်ထိတာ ဦးခေါင်းပွင့်သွားတယ်၊ လက်မောင်းတွေလည်း အကုန်ပြဲသွားတယ်။ အခုက သူတို့က ပြည်သူကို အဓိကထားပြီး တိုက်ခိုက်တဲ့သဘောမျိုး ဖြစ်သွားတယ်။”

စစ်အာဏာရှင်တပ်က နန်းမယ်ခုံမြို့နယ်ကို ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို မကြာခဏ ပြုလုပ်လေ့ရှိတာကြောင့် ဒေသခံနဲ့ စစ်ရှောင်ပြည်သူတွေ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

နန်းမယ်ခုံနဲ့ နယ်မြေနီးကပ်တဲ့ မိုးဗြဲမှာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေရှိနေပေမဲ့ နန်းမယ်ခုံကိုတော့ တိုက်ပွဲမရှိလည်း ဒရုန်းနဲ့ မကြာခဏ ဗုံးကြဲတယ်လို့ သိရပါတယ်။

​ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ စစ်တပ်ရဲ့ လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းတို့ကြောင့် ကရင်နီက ဒီးမော့ဆို၊ ဖရူဆို၊ နန်းမယ်ခုံ၊ မော်ချီးက ပြည်သူ ၉ ယောက်သေဆုံးပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Karenni Civil Society Network -KCSN က စက်တင်ဘာလ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013