DVB Logo
Home
အားကစား
ဖီဖာ အာဆီယံဖလားပြိုင်ပွဲ၌ မြန်မာက တီမောကို (၂-၀) ဂိုးဖြင့် အနိုင်ရ
DVB
·
September 25, 2026
Photo: MFF
Photo: MFF
Donate to DVB

ဟောင်ကောင်မှာ စက်တင်ဘာ ၂၄ ရက် မနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဖီဖာ အာဆီယံဖလား Division 2  အုပ်စု အဖွင့်ပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်အသင်းက တီမောလက်စ်တေအသင်းကို (၂-၀) ဂိုးနဲ့အနိုင်ရသွားပါတယ်။ 

မြန်မာအသင်းအတွက် အဖွင့်ဂိုးကိုတော့  ပထမပိုင်း ပွဲချိန် မိနစ် ၂၀ မှာ ထောင့်ကန်ဘောကနေ  တိုက်စစ်မှူး ဝင်းနိုင်ထွန်းက ခေါင်းတိုက်သွင်းယူပေးခဲ့ ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၇၅ မိနစ်မှာ  လူငယ်တောင်ပံတိုက်စစ်ကစားသမား ကောင်းခန့်ကျော် ကန်တင် ပေးတဲ့ ဘောလုံးကို ဝါရင့်တိုက်စစ်မှူး သန်းပိုင်က ခေါင်းတိုက်ပြီး ဒုတိယအနိုင်ဂိုးကို သွင်းယူ ပေးခဲ့ပါတယ်။ 

ပထမဆုံးအကြိမ်ကျင်းပတဲ့ ၂၀၂၆ ဖီဖာအာဆီယံ ဖလားပြိုင်ပွဲကို  Division 1 နဲ့  Division 2 ဆိုပြီး အဆင့်ခွဲပြီး သီးခြားကျင်းပနေတာမှာ အာဆီယံအင်အားကြီးအသင်းတွေနဲ့ အာရှအသင်းတချို့က   Division 1 အဆင့်မှာ ပါဝင်ယှဉ်ပြိုင်နေကြတာဖြစ်ပါတယ်။

Division 2 အဆင့်မှာတော့  မြန်မာအသင်းက အုပ်စု ( B ) မှာ ကမ္ဘောဒီးယား၊ တီမောလက်စ်တေ တို့နဲ့အတူ ကျရောက်နေတာဖြစ်ပါတယ်။ မနေ့က ကစားသွားတဲ့  Division 2 အုပ်စု A  ပွဲစဉ်မှာတော့ လာအိုအသင်းက ဘရူနိုင်းအသင်းကို ( ၃-၁) ဂိုးနဲ့ အနိုင်ရသွားပါတယ်။ 

မြန်မာအသင်းဟာ စက်တင်ဘာ ၂၇ ရက် ညနေ ၄ နာရီခွဲမှာ  ကမ္ဘောဒီးယားနဲ့ ဆက်လက် ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး အုပ်စု B မှာ ပထမနေရာရရှိတဲ့အသင်းဟာ အုပ်စု  A မှာ  ပထမနေရာရတဲ့အသင်းနဲ့  အောက်တိုဘာ ၃ ရက်မှာ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013