DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်စျေးတွင် FREE HER, FREE THEM ALL လှုပ်ရှားမှုပြုလုပ်
DVB
·
November 4, 2026
ဗိုလ်ချုပ်စျေးတွင် FREE HER, FREE THEM ALL လှုပ်ရှားမှုပြုလုပ်
1 / 4
Photo : OCTOPUS
Donate to DVB

ရန်ကုန်ရှိ လူစည်ကားရာ ဗိုလ်ချုပ်အောင်ဆန်းစျေးမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် FREE HER, FREE THEM ALL စာတန်းကိုင်ဆောင်ပြီး လှုပ်ရှားမှုလုပ်ခဲ့တယ်လို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က နိုဝင်ဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းနဲ့အတူရပ်တည်ပြီး အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ရန်ကုန်မြို့မှာ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ရေဘဝဲဟာ လူငယ်တွေဦးဆောင်တဲ့ ရန်ကုန်မြို့အခြေစိုက် လျှို့ဝှက်တော်လှန်ရေး အဖွဲ့အစည်း ဖြစ်ပြီး စစ်အာဏာရှင်စနစ်အဆုံးသတ်ဖို့၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးကို ဗျူဟာမြောက် အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းတွေနဲ့ရယူဖို့ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013