DVB Logo
Home
မြန်မာသတင်း
ကျောင်းကုန်း ရေဘေးဒုက္ခသည်များ အကူအညီ ဆန်အနည်းငယ်သာရ 
DVB
·
August 27, 2026
Photo: ဧရာဝတီတိုင်းအစိုးရအဖွဲ့
Photo: ဧရာဝတီတိုင်းအစိုးရအဖွဲ့
Donate to DVB

ရေဘေးဒုက္ခနဲ့ ကြုံတွေ့နေရတဲ့ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့က ဒေသခံတွေဆီ စစ်အာဏာရှင်ခန့် လူကယ်ပြန်ဝန်ကြီး ဦးစိုးဝင်းနဲ့ တိုင်းဝန်ကြီးချုပ် ဦးအေးကျော်တို့ လာတွေ့ပြီး ဆန်နဲ့ ရိက္ခာတွေ လှူဒါန်းတယ်လို့ တိုင်းအစိုးရက သတင်းဖြန့်ပေမဲ့ လက်တွေ့မှာ တအိမ်ထောင် ဆန်တပြည် ပြည့်အောင်တောင် မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လေးမျက်နှာရေဘေးရဲ့ နောက်ဆက်တွဲအနေနဲ့ ကျောင်းကုန်းမြို့နယ်မှာ ဩဂုတ် ၁၈ ရက် ဝန်းကျင်ကစလို့ ရေကြီးရေလျှံ ဖြစ်နေပြီး ရေဘေးရှောင်စခန်း ၃ ခုအထိ ဖွင့်လှစ်ထားရတာပါ။

ကျောင်းကုန်းမြို့ခံတယောက်က “မနေ့က လာသွားတာပါ။ လူကယ်ပြန် ဦးစိုးဝင်းကော၊ တိုင်းဝန်ကြီးချုပ်ကော ပါတယ်။ အိမ်ထောင်စု ၈၀၀ ကျော်ကို ဆန်အိတ် ၃၀ နဲ့ ဆီ ၄၅ ပိဿာပဲ ပေးသွားတာ။ လူစု၊ ဓာတ်ပုံရိုက်ပြီး ပြန်သွားတာ” လို့ ပြောပါတယ်။

ဩဂုတ် ၂၆ ရက် မနေ့ မွန်းလွဲပိုင်းမှာ လူကယ်ပြန်ဝန်ကြီး ဦးစိုးဝင်းနဲ့ တိုင်းဝန်ကြီးချုပ် ဦးအေးကျော်တို့ဟာ ကျောင်းကုန်းမြို့၊ အမှတ် ၃ ရပ်ကွက်က ရေဘေးရှောင်စခန်းဖွင့်ထားတဲ့ မြို့ပေါက်ဆိန်ကျောင်းနဲ့ အမှတ် ၁ ရပ်ကွက်က ရတနာပုံရိပ်သာကျောင်းနဲ့ ဥယျာဉ်ကြီးကျောင်းတို့ကို သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ ရေဘေးသင့် အိမ်ထောင်စုတွေအတွက် ဆန်အိတ် ၃၀ နဲ့ ဆီ ၄၅ ပိဿာ၊ ကြက်ဥနဲ့ ခေါက်ဆွဲခြောက် အနည်းငယ်စီနဲ့ ငွေ ၇၆ သိန်းကျပ် ပေးအပ်ခဲ့တယ်လို့ ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။

ကျောင်းကုန်းမြို့ဟာ ဒါးကမြစ်ကမ်းနံဘေးမှာ တည်ရှိတဲ့ မြို့တမြို့ဖြစ်ပြီး လက်ရှိမှာ ရေကြီးရေလျှံမှုနဲ့ ရင်ဆိုင်နေရတာ ရက်သတ္တပတ် တပတ်ကျော် ကြာမြင့်နေပြီဖြစ်ပါတယ်။

လတ်တလော ကျောင်းကုန်းမြို့ပေါ်မှာ ရေဘေးရှောင်စခန်း ၃ ခု ဖွင့်လှစ်ထားရပြီး အိမ်ထောင်စု ၈၂၇ စုနဲ့ လူဦးရေ ၂,၉၈၈ ယောက် ရေဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013