DVB Logo
Home
မြန်မာသတင်း
လေးမျက်နှာ၌ရေကြီးပြီး ပိတ်ထားရသည့် စာသင်ကျောင်းများအနက် ၄ ကျောင်းသာပြန်ဖွင့်
DVB
·
September 1, 2026
လေးမျက်နှာ၌ရေကြီးပြီး ပိတ်ထားရသည့် စာသင်ကျောင်းများအနက် ၄ ကျောင်းသာပြန်ဖွင့်
1 / 4
Photo: HL
Donate to DVB

ရေကြီးလွှမ်းမိုးမှုဒဏ်ကြောင့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ပိတ်ထားတဲ့ အခြေခံပညာ ကျောင်း ၄၀ နီးပါးထဲက ၄ ကျောင်းသာ ပြန်ဖွင့်နိုင်သေးတယ်လို့ ပညာရေးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဇူလိုင် ၃၀ ရက်က လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေးရွာအနီးမှာ ငဝန်မြစ်ကို ကာထားတဲ့ ရေကာတာကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံခဲ့ကာ အခြေခံပညာကျောင်း ပေါင်း ၃၉ ကျောင်း အထိ ယာယီပိတ်ခဲ့ရတာပါ။

ရေကြီးပြီးနောက် အချိန်တလကျော်လာတဲ့ချိန် လေးမျက်နှာမြို့နယ်မှာ ပိတ်ထားရတဲ့ စာသင်ကျောင်း ၃၉ ကျောင်းထဲက အခြေခံပညာကျောင်း ၄ ကျောင်းကို သြဂုတ် ၂၈ ရက်က ၂ ကျောင်းနဲ့ ၃၁ ရက်က ၂ ကျောင်းသာ ပြန်လည်ဖွင့်နိုင်သေးတယ်လို့ ဆိုပါတယ်။

ပညာရေးဌာနနဲ့ နီးစပ်သူတယောက်က “လောလောဆယ် ရေပြန်ကျသွားတဲ့ ဒေသတွေက စာသင် ကျောင်း ၄ ကျောင်းပြန်ဖွင့်ပြီးစာသင်ကြားနေပါတယ်။ အခြေခံပညာကျောင်း ၃၅ ကျောင်းဖွင့်ဖို့ ကျန်ရှိနေပါသေးတယ်” လို့ ပြောပါတယ်။

လေးမျက်နှာမြို့နယ်မှာ လတ်လောပြန်လည်ဖွင့်ထားတဲ့အခြေခံ ပညာကျောင်း ၄ ကျောင်းဟာ အ.လ.က(ခွဲ) လက်ကရင်၊ လက်ကရင်ကျေးရွာအုပ်စု၊ အမက(ဒေါင့်ကြီး)၊ သိမ်ကုန်းကျေးရွာအုပ်စု၊ အ.မ.က(ရုံးတော)၊ ပိန်းအင်းကျေးရွာအုပ်စု၊ အ.မ.က(ခွဲ)(ဗောဓိကုန်း)၊ အိုင်သပြုကျေးရွာအုပ်စုတို့ ဖြစ်တယ်လို့ သိရပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူက “ပြန်ဖွင့်တဲ့ ကျောင်းတွေက မြေအမြင့်ပိုင်းဒေသ က ကျောင်းတွေပါ။ စနစ်တကျ သန့်ရှင်းရေးလုပ်ပြီးဖွင့်တာ။ တချို့နေရာတွေ ရေပြန်ကျလာတာရှိပါ တယ်။ လုံးဝပြန်ကျဆင်းသွားတဲ့နေရာတော့ မရှိသေးပါဘူး''လို့ ပြောပါတယ်။

လေးမျက်နှာမြို့နယ်ထဲက ပြန်လည်ဖွင့်လှစ်တဲ့စာသင်ကျောင်းတွေမှာ ရေဘေးရှောင်စခန်းတွေမှာ သွားရောက်ခိုလှုံနေရတဲ့ ကလေးငယ်တွေအတွက် ကျောင်းပြန်တက်ရောက်ဖို့ခက်ခဲနေတယ်လို့ ကျောင်းသား မိဘတွေက ဆိုပါတယ်။

ရေကြီးရေလျှံမှုဒဏ်ကြောင့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စာရေးကိရိယာ၊ အဝတ်အထည် တွေနဲ့ ကျောင်းသုံးပစ္စည်းတွေဆုံးရှုံးခဲ့တဲ့အတွက် ကျောင်းပြန်ဖွင့်ပေမဲ့ ကျောင်းပြန်တက်ရောက်ဖို့ လိုအပ်ချက် အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

လေးမျက်နှာမြို့နယ်ဟာ ရေကြီးရေလျှံမှုဒဏ်ကြောင့် ကျေးရွာ ၁၉၅ ရွာနဲ့ ရပ်ကွက် ၁၄ ခု ရေနစ်မြုပ်ခဲ့ပြီး လူ ၄ ယောက်ထက် မနည်းသေဆုံးကာ တိရစ္ဆာန်တွေ၊ စပါးအပါအဝင်သီးနှံစိုက်ခင်း တွေ ရေနစ်မြုပ်ပျက်စီးဆုံးရှုံးခဲ့ပြီး အချိန်တလကျော်လာတဲ့အထိ ရေအနည်းအငယ်သာ ပြန်ကျ သေးတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013