DVB Logo
Home
မြန်မာသတင်း
တောင်ကြီးမြို့နယ်၌ လမ်းပေါ်ကျနေသည့် ဓာတ်ကြိုးကြောင့် G12 ကျောင်းသား ၂ ဦး ဓာတ်လိုက် သေဆုံး
DVB
·
March 24, 2026
Photo: Nang Mu Pansay
Photo: Nang Mu Pansay
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နမ့်ဆီးကျေးရွာအုပ်စုဘက်က တောင်ကြီး-ပင်ငိုလမ်းပေါ်မှာ လျှပ်စစ်မီးကြိုးတချောင်း ကျလာတဲ့အတွက် အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ G12 ကျောင်းသား ၂ ယောက် ဓာတ်လိုက်ပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၂၂ ရက် ညနေ ၃ နာရီမှာ ဖြစ်ပွားခဲ့ပြီး လေတိုက်လို့ ဗို့အား ၁၁,၀၀၀ ရှိတဲ့ မီးကြိုးတချောင်း မြေကြီးနားနီးနီးထိ နိမ့်ကျလာပြီး အဲဒီလမ်းကို ဆိုင်ကယ်နဲ့ ဖြတ်လာတဲ့သူတွေ မမြင်မိဘဲ ဝင်ချိတ်မိရာကနေ ဓာတ်လိုက်ခဲ့တာလို့ သိရပါတယ်။

ဆိုင်ကယ်မောင်းလာသူက ပင်ငိုရွာက ခွန်ကျော်ထူးဖြစ်ပြီး သူနဲ့အတူ ခွန်ဖြိုးအောင် လိုက်ပါလာတာပါ။ ၂ ယောက်လုံး မီးကြိုးနဲ့ ထိမိတဲ့အချိန်မှာပဲ နေရာတင် ဓာတ်လိုက်ပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “မီးကြိုးက အောက်ကျပြီး အန္တရာယ်ဖြစ်နေတယ်ဆိုတာ မသိဘဲ ဆိုင်ကယ်နဲ့ ဝင်သွားတာပါ။ လေတိုက်တော့ မီးကြိုးလျော့ကျလာတာ မြေကြီးနဲ့ ၃ ပေလောက်ပဲ ကွာတယ်။ လူသွား ဆိုင်ကယ်သွားတဲ့ လမ်းမှာ သူတို့ဆိုင်ကယ်နဲ့ဆိုတော့ မမြင်လို့ နေမယ်။ ဆိုင်ကယ်နဲ့ ချိတ်မိပြီး ဓာတ်လိုက် သေသွားရော”လို့ ပြောပါတယ်။

ဖြစ်ချိန်မှာ မီးအားမဖြတ်သေးတာကြောင့် အနီးနားက လူတွေက ကူညီချင်လည်း အနီးမကပ်ရဲဘဲ နောက်မှ ကယ်ဆယ်ရေးအဖွဲ့တွေ လာပြီး ဆောင်ရွက်ခဲ့ရတယ်လို့လည်း သိရပါတယ်။

သေဆုံးသွားတဲ့ ၂ ယောက်မှာ ဦးခေါင်း၊ မျက်နှာ၊ ရင်ဘတ်နဲ့ ခြေထောက်တွေမှာ ဒဏ်ရာတွေ ရရှိထားပြီး ရုပ်အလောင်းတွေကို တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံကို ပို့ထားပါတယ်။

သေဆုံးသွားသူ ၂ ယောက်ဟာ ကျောင်းတက်နေဆဲ G12 ကျောင်းသားတွေဖြစ်လို့ အခုလို မထင်မှတ်ဘဲ ဆုံးရှုံးသွားတာက အရမ်းဝမ်းနည်းစရာ ဖြစ်တယ်လို့ ဒေသခံတွေက  ပြောပါတယ်။

ဒေသခံတယောက်က “အနာဂတ်ရှိတဲ့ ကလေးတွေကို ဒီလိုဆုံးရှုံးရတာ စိတ်မကောင်းဘူး” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ ကျောင်းသား ၂ ယောက်ကို မတ် ၂၄ ရက်နေ့ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013