DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ဂိတ်များဆုတ်ခွာရန် MNDAA က တရားဝင် အကြောင်းကြားခြင်းမရှိသေးဟု KIO ပြော
DVB
·
March 17, 2026
KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ။ Photo: KIO
KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ။ Photo: KIO
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်-လားရှိုးလမ်းပေါ်မှာရှိတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်တွေဆုတ်ခွာပေးဖို့ ကိုးကန့်တပ် (MNDAA) ဘက်က တရားဝင်ပြောလာတာမရှိဘူးလို့ KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။

ရှမ်းမြောက်ဒေသခံသတင်းရင်းမြစ်တွေကတော့ KIA ဂိတ်တွေကို လမ်းမကြီးနဲ့ ၅ မိုင်အကွာထိ နောက်ဆုတ်ပေးဖို့  မနေ့က MNDAA ဘက်က ပြောလာတာလို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးနော်ဘူက “တရားဝင် ဘာမှအကြောင်းကြားတာ ပြောတာမရှိဘူး။ အဲဒါ တချက်။ ဒုတိယအချက်ကတော့ ကျနော်တို့ရဲ့ ဂိတ်တွေတခုမှလည်း ဆုတ်တာမရှိပါဘူး။ အားလုံး ပုံမှန်အတိုင်းပဲ ထိုင်နေပါတယ်ခင်ဗျ” လို့ မတ်လ ၁၇ ရက် မွန်းလွဲပိုင်းမှာ ပြောပါတယ်။

စစ်ကောင်စီက တရုတ်နဲ့ညှိပြီး လွှတ်တော်ခေါ် အစိုးရအသစ်ဖွဲ့ပြီးရင် MNDAA ပေါင်းပြီး လားရှိုး-မူဆယ် လမ်းပိုင်းလမ်းမကြီးဖွင့်ဖို့ စီစဉ်နေခဲ့တာလို့ ဒေသခံက ပြောပေမဲ့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါပေမဲ့ လက်ရှိမှာ လမ်းမကြီးကို ပြန်ဖွင့်ပြီးတဲ့နောက် လမ်းမကြီးပေါ်က KIA ဂိတ်တွေကို ဖယ်ရှားပေးဖို့ပြောကြောင်း သတင်းတွေ ထွက်လာတာပါ။

ဂိတ်တွေကိစ္စနဲ့ပတ်သက်လို့ MNDAA ရော၊ TNLA ကပါ တရားဝင်ပြောလာတာ မရှိသေးကြောင်း KIA ဘက်က ပြောသလို တကယ်လို့ တရားဝင်ပြောလာခဲ့ရင်ရောဆိုတဲ့ မေးခွန်းကိုတော့ “အဲဒါတော့ ကျနော်တို့ ဗဟိုကော်မတီရဲ့ သဘောထားနဲ့ပဲသွားရမှာ ဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

တဖက်မှာလည်း မတ် ၁၆ ရက်မှာ MNDAA နဲ့ စစ်ကောင်စီတို့ လားရှိုးမြို့မှာ တွေ့ဆုံခဲ့ကြပြီး ဒီနေ့ မတ် ၁၇ ရက်မှာတော့ TNLA နဲ့ MNDAA ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ နှစ်ဖက် ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013