
တဲလ်အဗစ်မြို့ကို မတ် ၂၇ ရက်က တိုက်ခိုက်ခဲ့တဲ့ အီရန်ဒုံးကျည်ကြောင့် အသက် ၆၀ ဝန်းကျင် လူတယောက် သေဆုံးပြီး၊ တခြား ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ အစ္စရေး အမျိုးသားအရေးပေါ် အဖွဲ့က ပြောပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်အရတော့ ကလက်စတာဗုံးတလုံး တဲလ်အဗစ်မြို့မှာ ကွဲခဲ့သလို အဲ့ဒီဗုံးဟာ ဆောက်လုပ်ရေးလုပ်သားတယောက်အနီးမှာ ဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
မနေ့က ဘယ်လစ်စတစ်ဒုံးကျည် အသစ်တစင်း ပစ်ခတ်ကြောင်းတွေ့ခဲ့တာကြောင့် အစ္စရေးကာကွယ်ရေးအဖွဲ့တွေဟာ တဲလ်အဗစ်မြို့နဲ့ ဂျေရုဆလင်တို့မှာ လေကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့တယ်လို့ ရိုက်တာ ဖော်ပြပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အီရန်က အစ္စရေးအပါအဝင် အမေရိကန်အခြေစိုက်နိုင်ငံတွေကို ပြန်လည်တိုက်ခိုက်နေတာဖြစ်ပါ တယ်။
အီရန်ဘက်ကလည်း ယီမင်နိုင်ငံရှိ ဟူသီတွေကလည်း အစ္စရေးကို တိုက်ခိုက်နေပါတယ်။ နောက်ဆုံးသတင်းများအရ ယီမင်က အီရန်ကို ဒုံး ကျည်တစင်းပစ်လွှတ်တိုက်ခိုက်ခဲ့သလို ဆော်ဒီမင်းသားဆူတန်လေတပ်စခန်းတိုက်ခိုက်ခံရမှုကြောင့် အမေရိကန်စစ်သား ၁၃ ဦးသေဆုံးတယ်လို့ သိပါတယ်။
အီရန်စစ်ပွဲကာလ ဒုတိယလကို ရောက်လာချိန် လာမဲ့အပတ်မှာ အဆိုပြုထားတဲ့ ၁၅ ချက်နဲ့ ပတ်သက်ပြီး အီရန်နဲ့တွေ့ဆုံဆွေးနွေးနိုင်မယ်လို့ အမေရိကန်အထူးသံ တမန်စတိဗ်ဝတ်ကော့က ပြောပါတယ်။
အီရန်စစ်ပွဲ ပထမလမှာ ကလေး ၂၁၇ ယောက် အပါအဝင် ဒေသခံ ၁,၄၆၄ ယောက် သေဆုံးခဲ့တယ်လို့ အမေရိကန်အခြေစိုက်လူ့ အခွင့်အရေးသတင်းအေဂျင်စီက ပြောပါတယ်။
Source: Reuters










