အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်း ဘိုင်ယန်မြူးနစ်နှင့် စာချုပ်သက်တမ်းတိုး
DVB
·
October 16, 2026

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းကို ၂၀၂၉ ခုနှစ်အထိ တိုးမြှင့်လိုက်ပါတယ်။
လက်ရှိမှာ ဟာရီကိန်းဟာ အကောင်းဆုံးခြေစွမ်းကို ပြသနေပြီး ဒီနှစ်အတွင်းမှာတင် ဂိုးပေါင်း ၅၀ အထိ သွင်းယူထားတာပါ။
ဒီကစားသမားဟာ လက်ရှိအချိန်မှာ ဘလွန်ဒီအော်ဆုကို ရရှိဖိုအတွက် အဓိကရေပန်းစားနေသူ ဖြစ်ပါတယ်။
ဟာရီကိန်းရဲ့ သွင်းဂိုးမှတ်တမ်းတွေဟာ အသင်းအတွက် အရေးပါနေပြီး ဥရောပဘောလုံးလောကမှာ ထိပ်တန်းကစားသမားအဖြစ် ဆက်လက်ရပ်တည်နေတာပါ။
Photo:Reuters











