ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြချုပ် မန်စီးတီးခေါင်းဆောင်ဟောင်း ဗင်းဆင့်ကွန်ပနီဟာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်ခဲ့ရပြီးနောက် လေ့ကျင့်ရေးကွင်းဆီ ပြန်လည်ရောက်ရှိလာပါတယ်။
အသက် ၄၀ အရွယ် နည်းပြကွန်ပနီဟာ ပြီးခဲ့တဲ့လကုန်ပိုင်းက ဒုတိယအသင်း လေ့ကျင့်တာကို ကြည့်စဉ် မူးမေ့လဲကျခဲ့တာပါ။ သူဟာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ မြှေးပါးရောင်ရမ်းမှု ဝေဒနာ ခံစားခဲ့ရတာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကြောင့် ကွန်ပနီဟာ ဘိုင်ယန်အသင်းရဲ့ ပွဲစဉ် ၅ ပွဲအထိ လွဲချော်ခဲ့ရပြီး သူ့အစား အင်္ဂလိပ်နည်းပြ အာရွန်ဒန့်ခ်က တာဝန်ယူခဲ့ပြီး ၄ ပွဲနိုင် ၁ ပွဲသရေရလဒ် ရယူပေးခဲ့တာပါ။
ဘိုင်ယန်အသင်းကတော့ ကွန်ပနီဟာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာနေပြီး လေ့ကျင့်ရေးကွင်းဆီ ပြန်ရောက်နေကြောင်း အတည်ပြုထားပါတယ်။











