
ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရှင် ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိမဲ့ စာချုပ်သစ် လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဒီစာချုပ်ကြောင့် အသက် ၃၃ နှစ်အရွယ် အင်္ဂလန် အသင်းခေါင်းဆောင်ဟာ တပတ် လစာ ပေါင် ၄ သိန်း ရရှိမှာ ဖြစ်ပြီး ဥရောပမှာ လစာ အများဆုံး ဘောလုံးသမား ဖြစ်လာခဲ့ပါတယ်။
ကိန်းဟာ ၂၀၂၃ မှာ တော်တင်ဟမ်ကနေ ဘိုင်ယန်ကို ပြောင်းရွှေ့လာပြီးနောက် ၁၆၁ ပွဲမှာ ၁၅၆ ဂိုး အထိ သွင်းယူပေးထားပါတယ်။
အခု စာချုပ်သစ်ကြောင့် ကိန်းကို အလန်ရှီးရားရဲ့ ပရီးမီးယားလိဂ် သွင်းဂိုးစံချိန်ကို ချိုးဖြတ်ဖို့ မှန်းဆချက်တွေ ပျက်ပြယ်သွားခဲ့ပါတယ်။ ကိန်းဟာ ဂျာမနီမှာပဲ နောက်ထပ် ၃ နှစ် ဆက်လက် ရှိနေတော့မှာ ဖြစ်ပါတယ်။
Photo:Reuters











