DVB Logo
Home
နိုင်ငံတကာ
ဖော့ထ်ဟုဒ် သေနတ်သမားကို စစ်တပ်ကွပ်မျက်မှု အမေရိကန်က တိုက်ရိုက်လွှင့်မည်
DVB
·
October 9, 2026
Photo: SOCIAL MEDIA WEBSITE / BELL COUNTY SHERIFF'S OFFICE HANDOUT
Photo: SOCIAL MEDIA WEBSITE / BELL COUNTY SHERIFF'S OFFICE HANDOUT
Donate to DVB

၂၀၀၉ ခုနှစ်က တက္ကဆက်ပြည်နယ် ဖော့ထ်ဟုဒ် စစ်အခြေစိုက်စခန်းမှာ လူ ၁၃ ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ စိတ်ရောဂါကု စစ်တပ်ဆရာဝန်ဟောင်း နီဒယ် ဟာဆန်ကို ဒီဇင်ဘာ ၃ ရက်နေ့မှာ စစ်တပ်ရဲ့ သေနတ်ပစ် ကွပ်မျက်ရေးအဖွဲ့နဲ့ ကွပ်မျက်မဲ့ဖြစ်စဉ်ကို အမေရိကန်က တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ ပင်တဂွန် တာဝန်ရှိသူတယောက်က အောက်တိုဘာ ၈ ရက်မှာ ပြောပါတယ်။

ဒါဟာ သမိုင်းမှာ လုံးဝမကြုံဘူးသေးတဲ့ ထူးခြားတဲ့ လုပ်ရပ်တခု ဖြစ်လာမှာဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကို နောက်မှ ဆက်လက်ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။

ဟာဆန်ဟာ ၁၉၄၅ ခုနှစ်နောက်ပိုင်း အမေရိကန်စစ်တပ်ရဲ့ သေနတ်ပစ်အဖွဲ့နဲ့ ကွပ်မျက်ခံရမဲ့ ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာတော့မှာပါ။

ကာကွယ်ရေးဝန်ကြီး ပိတ် ဟဂ်ဆီသ် ကတော့ ဟာဆန်ရဲ့ ကွပ်မျက်မှုကို လူအများရှေ့မှာ မျက်မြင်ထင်ရှား လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ ကြာသပတေးနေ့က ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲကနေ Human Events Daily ပေါ့ဒ်ကတ်စ်အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။

ဟာဆန် ပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့ အချိန်၊ နေ့ရက်နဲ့ နေရာအတိုင်းပဲ ဒီဇင်ဘာ ၃ ရက် ကြာသပတေးနေ့ နေ့လယ် ၁ နာရီမှာ ဖော့ထ်ဟုဒ် စခန်းမှာပဲ သေနတ်ပစ်အဖွဲ့နဲ့ ကွပ်မျက်ဖို့ ဆုံးဖြတ်တာဟာ စဉ်းစားစရာတောင် မလိုလောက်အောင် သဘာဝကျတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်လို့ ဟဂ်ဆီသ်က ပြောပါတယ်။

တက္ကဆက်ပြည်နယ် အလယ်ပိုင်းက ကျယ်ဝန်းတဲ့ စစ်အခြေစိုက်စခန်းအတွင်းရှိ ဆေးရုံမှာ ဆရာဝန် ဟာဆန်က လေဆာလက်နက် တပ်ဆင်ထားတဲ့ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့လို့ ကြိုတင်ကြံစည် လူသတ်မှုနဲ့ လူသတ်ဖို့အားထုတ်မှု အမှုပေါင်း ၄၅ မှုနဲ့ အပြစ်ရှိကြောင်း ထင်ရှားတွေ့ရှိခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် သြဂုတ်လမှာ စစ်ခုံရုံးက ဟာဆန်ကို သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အခု အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ ဟာဆန်ဟာ အာဖဂန်နစ္စတန်နိုင်ငံကို စစ်ကြောင်းမထွက်ခွာမီ ရက်သတ္တပတ် အနည်းငယ်အလိုမှာ အဲဒီလို ပစ်ခတ်ခဲ့တာပါ။

သူ့ကို ရဲတွေ ဖမ်းဆီးတဲ့အချိန်မှာ ပြန်ပစ်ခတ်ခဲ့လို့ သူဟာ ခါးအောက်ပိုင်း လေဖြတ်ပြီး ဘီးတပ်ကုလားထိုင်နဲ့သာ နေထိုင်နေရတဲ့ အခြေအနေကို ရောက်ရှိခဲ့ပါတယ်။

အမေရိကန် စစ်ဘက်ဥပဒေအရ သေနတ်ပစ်အဖွဲ့နဲ့ ကွပ်မျက်ဖို့ဟာ သမ္မတ တယောက်တည်းမှာသာ အတည်ပြုပိုင်ခွင့်ရှိပြီး ဟဂ်ဆီသ်ရဲ့ အကြံပြုချက်အရ သမ္မတ ဒေါ်နယ်ထရမ့်ပ်က အတည်ပြုပေးခဲ့တယ်လို့ ပင်တဂွန်က တနင်္လာနေ့မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013