DVB Logo
Home
Lead Story
အမျိုးသားစာပေဆုရ စာရေးဆရာ တင်ညွန့်နှင့် သားဖြစ်သူကို  ထောင်ဒဏ် ၃ နှစ်စီချ
DVB
·
June 19, 2026
Photo: Tin Nyunt
Photo: Tin Nyunt
Donate to DVB

ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ အမျိုးသားစာပေဆုရှင် စာရေးဆရာ တင်ညွန့်နဲ့ သားဖြစ်သူတို့ကို စစ်အာဏာရှင်ရဲ့ အထူးတရားရုံးကနေ  ဇွန် ၁၈ ရက်မှာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

နိုင်ငံရေးစာပေတွေအပြင် သုတနဲ့ ရသစာပေတွေ ရေးသားပြီး လူသိများထင်းရှားတဲ့ ဆရာတင်ညွန့်ကို ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က သန်လျင်မြို့နယ်ရှိ နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅- က နဲ့ အမှုဆင်တရားစွဲဆိုခဲ့တာပါ။

ဆရာတင်ညွန့်နဲ့ နီးစပ်တဲ့ စာရေး ဆရာ/ကဗျာဆရာတယောက်က  "အင်းစိန်ထောင် အထူးတရားရုံးက ဒီနေ့ (ဇွန် ၁၈ ) အမိန့်ချတယ်လို့ ကြားရပါတယ်။ အယူခံဝင်မဝင်တော့ ဆရာတို့လည်း အသေအချာမသိဘူး" လို့ ပြောပါတယ်။

ဆရာတင်ညွန့်နဲ့အတူ သားဖြစ်သူ ကိုနေထွန်းလည်း အလားတူပုဒ်မနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဆရာတင်ညွန့်ဟာ "ရိုးမပေါ်ကျတဲ့မျက်ရည်" စာအုပ်နဲ့ ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိခဲ့တာ ဖြစ်ပြီး အဲဒီစာအုပ်ကို ရုပ်ရှင်ပြန်ရိုက်တဲ့အခါမှာလည်း အောင်မြင်ခဲ့တာကိုတွေ့ရပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်နဲ့ NLD အစိုးရလက်ထက်က ရေးသားထုတ်ဝေခဲ့တဲ့ "ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည်" ၊ "ခွေးထိန်းငတာ" ၊ "ဦးသန်းရွှေ၏ ယတြာများ" စတဲ့ စာအုပ်တွေကို အကြောင်းပြပြီး ဖမ်းဆီးခဲ့တာလို့ နီးစပ်သူတွေက ထင်ကြေးပေးကြပေမဲ့ ဖမ်းဆီးခံရတဲ့ အကြောင်းအရင်း အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ဆရာတင်ညွန့်နဲ့ သားဖြစ်သူတို့ အဖမ်းမခံရမီ ရက်ပိုင်းအလိုမှာ အမျိုးသမီးတယောက်က အဲဒီ စာအုပ် ၃ အုပ်ကို အွန်လိုင်းမှာ ရောင်းချခဲ့တာရှိပြီး စစ်တပ်ထောက်ခံသူတစုက ဆရာတင်ညွန့်ကို ဖမ်းဆီးဖို့ လှုံ့ဆော်တာတွေ ရှိခဲ့ပါသေးတယ်။

အဲဒီလို လှုံ့ဆော်မှုတွေလုပ်ပြီးနောက် ဧပြီ ၂၃ ရက် ရက်မှာ သန်လျင်က နေအိမ်မှာ ဆရာတင်ညွန့်နဲ့ သားဖြစ်သူ မောက္ခစာအုပ်တိုက်ပိုင်ရှင် ကိုနေထွန်းတို့ကို သွားရောက်ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင် အထူးတရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့်ခဲ့ကာ  ၂ လနီးပါးအကြာမှာ အခုလို အမိန့် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ 

Photo: Tin  Nyunt 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013