DVB Logo
Home
Lead Story
စာရေးဆရာကြီး ဂျက်ဖရီအာချာ ကွယ်လွန်
DVB
·
October 6, 2026
Photo: Reuters
Photo: Reuters
Donate to DVB

Kane and Abel နဲ့ Clifton Chronicles အပါအဝင် နာမည်ကျော်ဝတ္ထုများစွာ ရေးသားခဲ့ပြီး စာရေးသက် နှစ် ၅၀ အတွင်း စာအုပ်ရေ သန်း ၃၀၀ ကျော် ရောင်းချခဲ့ရတဲ့ ကမ္ဘာကျော်စာရေးဆရာနဲ့ နိုင်ငံရေးသမားဟောင်း ဂျက်ဖရီအာချာဟာ အသက် ၈၆ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

အာချာဟာ အောက်တိုဘာ ၅ ရက်က စာရေးနေတဲ့အချိန်တွေကြား သူ့ရဲ့နေအိမ်မှာ “ရုတ်တရက်၊ ငြိမ်းငြိမ်းချမ်းချမ်း” ကွယ်လွန်ခဲ့တယ်လို့ ထုတ်ဝေသူ HarperCollins က ပြောပါတယ်။

အာချာရဲ့ ဝတ္ထုတို၊ ဝတ္ထုရှည် အများအပြားကို မြန်မာဘာသာနဲ့လည်း ပြန်ဆို ထုတ်ဝေခဲ့ကြဖူးပါတယ်။

Kane and Abel ကို “ကမ္ဘာ့ရန်” ဆိုတဲ့နာမည်နဲ့ မောင်ပေါ်ထွန်းက ပြန်ဆိုခဲ့ပြီး နောက်ဆက်တွဲ The Prodigal Daughter ကိုတော့ အထောက်တော်လှအောင်က “သမီးတကောင်နွားတထောင်” ဆိုတဲ့နာမည်နဲ့ ပြန်ဆိုခဲ့ဖူးပါတယ်။

Clifton Chronicles ဝတ္ထုရှည်စီးရီးထဲက ဝတ္ထုတချို့ကိုလည်း မြန်မာဘာသာနဲ့ ပြန်ဆို ထုတ်ဝေထားပါတယ်။

အာချာဟာ ၁၉၆၉ ခုနှစ်မှာ ကွန်ဆာဗေးတစ်ပါတီ အမတ်အဖြစ် ရွေးကောက်ခံခဲ့ပြီး နောက်ပိုင်း ပါတီဒုတိယဥက္ကဋ္ဌအထိ တာဝန်ယူခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၈၇ ခုနှစ်က Daily Star သတင်းစာကို တရားစွဲခဲ့တဲ့အမှုမှာ လိမ်လည်ထွက်ဆိုခဲ့ကြောင်း အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခံရပြီး ၂၀၀၁ ခုနှစ်မှာ ထောင်ဒဏ် လေးနှစ် ချမှတ်ခံခဲ့ရပါတယ်။

သူဟာ ၂၀၀၃ ခုနှစ်မှာ ထောင်က လွတ်မြောက်ခဲ့ပြီး ၂၀၂၄ ခုနှစ် အနားယူချိန်အထိ ဗြိတိန်အထက်လွှတ်တော်လို့ ဆိုနိုင်တဲ့ သူကောင်းမျိုးလွှတ်တော် (House of Lords) မှာ အမတ်တာဝန် ယူခဲ့ပါတယ်။

အာချာရဲ့ နောက်ဆုံးဝတ္ထု Adam and Eve ကို ဒီသီတင်းပတ်ထဲ ထုတ်ဝေဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013