အမေရိကန်စစ်တပ်က အီရန်ကို အတွဲလိုက်စပြီး တိုက်ခိုက်နေပြီလို့ အမေရိကန် အလယ်ပိုင်းတိုင်း ကွပ်ကဲရေးဌာန CENTCOM က ဇူလိုင် ၇ ရက်က X လူမှုကွန်ရက်ပေါ်မှာ ပို့စ်တခုတင်ပြီး ပြောလိုက်ပါတယ်။
ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းနေတဲ့ စီးပွားဖြစ် သင်္ဘော ၃ စင်းကို အီရန်က တိုက်ခိုက်တဲ့ လုပ်ရပ်ကို တုံ့ပြန်တိုက်ခိုက်တာလို့လည်း ထပ်ပြောခဲ့ပါတယ်။
နိုင်ငံတကာရေလမ်းကြောင်းမှာ အပြစ်မဲ့အရပ်သားတွေ လိုက်ပါလာတဲ့ စီးပွားဖြစ် သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့အတွက် ကောင်းကောင်း အရေးယူဖို့ အမေရိကန် အလယ်ပိုင်းတိုင်း ကွပ်ကဲရေးတပ်ဖွဲ့တွေက အီရန်ကို အပြင်းအထန် စပြီး တိုက်ခိုက်လိုက်ပါပြီလို့ CENTCOM က X လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေတဲ့ စီးပွားဖြစ် သင်္ဘော ၃ စင်းကို အီရန်က တိုက်ခိုက်တဲ့အတွက် တုံ့ပြန်တာလို့လည်း ဖော်ပြထားပါတယ်။
အီရန်ရဲ့ ကျူးကျော်မှုက မဆင်မခြင်လုပ်ရပ်ဖြစ်ပြီး အန္တရာယ်များတဲ့အပြင် အပစ်အခတ် ရပ်စဲရေးကို ရှင်းရှင်းလင်းလင်း ချိုးဖောက်တာလို့လည်း CENTCOM က ပြောခဲ့ပါတယ်။
Source: Reuters










