
အင်္ဂလန် ကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ခမ်းဟာ အမေရိကန် အမျိုးသားဘောလုံး ဘောလုံး ဂုဏ်ပြုဆောင် တယောက်အဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။
ဘက်ခမ်းဟာ ၂၀၀၇ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကနေ အယ်လ်အေဂလက်ဆီ အသင်းဆီ ပြောင်းရွှေ့ခဲ့ သူ ဖြစ်ပါတယ်။
ဂလက်ဆီအသင်းမှာ ပွဲပေါင်း ၁၂၄ ပွဲ ကစားခဲ့ပြီး ဂိုး ၂၀ သွင်းယူကာ မေဂျာလိဂ်ဖလား ၂ ကြိမ် ရရှိခဲ့တာ ဖြစ်ပါတယ်။
ဘက်ခမ်းဟာ မေဂျာလိဂ်ရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးခဲ့သလို လက်ရှိမှာ အင်တာမိုင်ယာမီ အသင်းရဲ့ ပူးတွဲပိုင်ရှင်လည်း ဖြစ်ပါတယ်။
ဆုရွေးချယ်ခံရတာနဲ့ ပတ်သက်ပြီး အမေရိကန်မှာ ဖြတ်သန်းခဲ့တဲ့ ခရီးစဉ်ဟာ အံ့ဩစရာ ကောင်းခဲ့တယ်လို့ ဘက်ခမ်းက ပြောကြားခဲ့တာပါ။ ဂုဏ်ပြုပွဲ အခမ်းအနားကိုတော့ ၂၀၂၇ ခုနှစ် ဧပြီ ၁၆ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Photo:Reuters











