
လီဗာပူး ကစားသမားဟောင်း ဂရေဟမ် ဆောင်းနက်စ်ဟာ အာဆင်နယ် ကွင်းလယ်လူ ဒီကလန် ရိုက်စ်ရဲ့ ကစားဟန်အပေါ် ထပ်မံ ဝေဖန်လိုက်ပါတယ်။
ရိုက်စ်ဟာ ကွင်းလယ်မှာ ကစားခြင်းမရှိဘဲ ခံစစ်တန်းအထိ အလွန်နက်ရှိုင်းစွာ ဆင်းကစား နေတာကြောင့် ကွင်းလယ်လူထက် ဗဟိုခံစစ်မှူး (Centre-half) ပုံစံမျိုး ပိုမို ဆင်တူနေတယ်လို့ ဆိုပါတယ်။
ဆောင်းနက်စ်ရဲ့ အဆိုအရ ရိုက်စ်ဟာ ဖိအားမရှိတဲ့ နေရာအထိ ဆင်းယူပြီး ဘေးတောင်ပံတွေဆီ သာမန်ပေးပို့မှုတွေသာ ပြုလုပ်နေတာကြောင့် ပွဲကို အကျိုးသက်ရောက်မှု မဖန်တီးနိုင်ကြောင်း သုံးသပ်ခဲ့တာပါ။
ဒါ့အပြင် ဂရေးဟမ် ဆောင်းနက်စ်က အာဆင်နယ် ကွင်းလယ်လူ ဒီကလန် ရိုက်စ်ဟာ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးတို့လို ထိပ်တန်းကလပ်အသင်းတွေရဲ့ လူစာရင်းမှာ ပါဝင်နိုင်စွမ်း မရှိဘူးလို့ ပြောပါတယ်။
Photo:Reuters











