
အင်္ဂလန်အသင်း အနိုင်ရခဲ့တဲ့ ဒီအာရ်ကွန်ဂိုနဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်း ဒုတိယခေါင်းဆောင် ဒီကလန်ရိုက်စ်ဟာ ပြင်းထန်တဲ့ နာကျင်မှုတွေကို ခံစားခဲ့ရပေမဲ့ နောက် ၃ ရက်အကြာမှာ ယှဉ်ပြိုင် ရမဲ့ မက္ကဆီကိုနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ အဆင်သင့်ရှိနေပါတယ်။
ရိုက်စ်ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး နည်းပြတူဟယ်လ်က “ရိုက်စ်ဟာ အသင်းအတွက် ဆက်ကစားပေးနိုင်ပေမဲ့ ပြင်းထန်တဲ့ နာကျင်မှုတွေကို ခံစားနေရတယ်လို့ ရိုက်စ်ကပြောပြီး ဒါဟာ တကယ် မခံနိုင်တော့ဘူးဆိုတာ သိသာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ရိုက်စ်ဟာ ဒီရာသီမှာ ပွဲပေါင်း ၆၅ ပွဲအထိ ကစားထားရပြီး လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ခါးနာတဲ့ဒဏ်ကို ခံစားနေရတာပါ။
လက်ရှိမှာတော့ ရိုက်စ်ဟာ ထိခိုက်ဒဏ်ရာရတာမျိုး မဟုတ်ဘဲ အာရုံကြောပိုင်းဆိုင်ရာ နာကျင်မှု သက်သက်သာဖြစ်ပြီး မက္ကဆီကိုနဲ့ ပွဲမတိုင်ခင် အချိန်လုံလောက်စွာ ပြန်လည်သက်သာလာမယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။
Photo:Reuters











