အင်္ဂလန်အသင်းဟာ အာဂျင်တီးနားနဲ့ ရင်ဆိုင်ကစားရမဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အဓိက ကွင်းလယ်လူ ဒီကလန်ရိုက်စ် ပါဝင်နိုင်မလား ဆိုတာကို နောက်ဆုံးအချိန်မှ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။
အာဆင်နယ်ကွင်းလယ်လူ ရိုက်စ်ဟာ ဖျားနာနေတာကြောင့် သူ့ရဲ့ကြံ့ခိုင်မှုအပေါ် စိုးရိမ်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဟူးနေ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ အကောင်းဘက်ကနေ မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။
ရိုက်စ်ဟာ နော်ဝေနဲ့ ကွာတားဖိုင်နယ်ပွဲမတိုင်ခင် ၃ ရက်လောက် အိပ်ရာထဲ လဲနေခဲ့တာပါ။ ပွဲမှာလည်း ပထမပိုင်းအပြီး အစားထိုး လဲလှယ်ခံခဲ့ရပါတယ်။
နည်းပြ သောမတ်စ်တူချယ်ကတော့ ရိုက်စ်ရဲ့ အခြေအနေ ဘယ်လောက်မြန်မြန် တိုးတက်လာမလဲ ဆိုတာကို စောင့်ကြည့်ပြီးမှ ဆုံးဖြတ်မယ်လို့ ပြောကြားထားပါတယ်။ ရိုက်စ်ဟာ ခါးနဲ့ ပေါင်ခြံဒဏ်ရာဟောင်းလည်း လပေါင်းများစွာ ခံစားနေရတာ ဖြစ်ပါတယ်။










