DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
မိုးမိတ်မြို့အနီး တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီး အသုံးပြုနေ
DVB
·
October 8, 2026
Photo: MTL
Photo: MTL
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့အနီးမှာ ကချင်လွတ်​လပ်​ရေးတပ်မ​တော် (KIA) ပူးပေါင်းတပ်​တွေနဲ့ စစ်တပ်တို့အကြား စက်တင်ဘာလကုန်ပိုင်းကတည်းက တိုက်ပွဲ​တွေ ပြန်လည်ပြင်းထန်လာပြီး အောက်တိုဘာ ၇ ရက်ကစလို့ မိုးမိတ်–မိုးကုတ် လမ်းပိုင်းအနီးမှာ တိုက်ပွဲ​တွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တီက သိရပါတယ်။

စက်တင်ဘာ ၂၈ ရက်ကစပြီး မိုးမိတ်မြို့အနီး ညောင်နီကျေးရွာဘက်မှာ တိုက်ပွဲ​တွေဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၂၉ ရက်မှာ ညောင်နီကျေးရွာအနီးက ရွှေသမင်ကုန်း စစ်တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာက စတင်ပါတယ်။

စစ်​ရေးသတင်းအရင်းအမြစ်က “​လေ​ကြောင်းက​နေ တိုက်ခိုက်တာ​တွေ များတယ်။ တိုက်ပွဲဖြစ်တဲ့ ​နေရာ​တွေကို ကြဲတာ။ စစ်တပ်ဘက်က မိုးမိတ်မှာ စည်းရုံး​ရေးလည်း လုပ်​နေတယ်။ ​ဂျက်ဖိုက်တာ​ကော MI 35 နဲ့ပါ လာပစ်တယ်။ အရပ်သား​နေအိမ်​တွေ ဆုံးရှုံးတာ​တွေလည်း ရှိ​နေတယ်။ MI 35 က မနက်တကြိမ် ည​နေတကြိမ်​လောက်ကို လာပစ်​နေတာ” လို့ DVB ကို ​ပြောပါတယ်။

စစ်တပ်ဟာ မိုးမိတ်မြို့အတွင်း စစ်အင်အားဖြည့်တင်းထားပြီး မြို့အနီးတဝိုက်မှာလည်း စစ်ရေးလှုပ်ရှားမှု​တွေ ပိုမိုလုပ်​ဆောင်လာတာလို့ ဆိုပါတယ်။

အောက်တိုဘာ ၇ ရက် မနက်ပိုင်းကစလို့ မိုးမိတ်-မိုးကုတ်လမ်းပိုင်းက မိုးမိတ်မြို့နဲ့ ၇ မိုင်ခန့်အကွာမှာ တိုက်ပွဲ​တွေ ပြင်းထန်ခဲ့ပြီး မိုးမိတ်မြို့အတွင်းက​နေ လက်နက်ကြီးနဲ့ လှမ်းပစ်တာ​တွေ လုပ်လာတယ်လို့ ဆိုပါတယ်။

မိုးမိတ်မြို့ကို ၂၀၂၄ ခုနှစ်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်​တွေ သိမ်းပိုက် ထိန်းချုပ်ခဲ့​ပေမဲ့ ၂၀၂၅ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှု​တွေ​ကြောင့် စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတာပါ။

မိုးမိတ်မြို့နယ်ဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်း​တွေကို ထိစပ်နေတဲ့ မဟာဗျူဟာမြောက် လမ်းဆုံလမ်းခွ ဖြစ်​ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013