DVB Logo
Home
မြန်မာသတင်း
မြန်အောင်တွင် ၁၀,၀၀၀ တန် ငွေစက္ကူအတုများ ဖမ်းမိ 
DVB
·
May 4, 2026
မလကာကုန်း စစ်ဆေးရေးဂိတ်။ (Photos: KKL)
မလကာကုန်း စစ်ဆေးရေးဂိတ်။ (Photos: KKL)
Donate to DVB

ဧရာဝတီတိုင်း၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်မှာ ငွေစက္ကူအတု ၁၀,၀၀၀ တန် အရွက်ရေ ၄,၇၀၀ နဲ့အတူ လူ ၈ ယောက်ကို စစ်အာဏာရှင်လက်အောက်ခံ ရဲတွေက ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဧပြီ ၂ ရက် ညနေ ၄ နာရီကျော်လောက်က မြန်အောင်မြို့ အဝင်အထွက် ကမလာကာကုန်း စစ်ဆေးရေးဂိတ်မှာ အမျိုးသား ၆ ယောက် နဲ့အမျိုးသမီး ၂ ယောက်ကို ၁၀,၀၀၀ တန်ငွေစက္ကူအတု အရွက်ရေ ၄,၇၀၀ နဲ့အတူ စစ်အာဏာရှင် လက်အောက်ခံရဲတွေက ဖမ်းဆီးရမိခဲ့ပြီး မြန်အောင်မြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

စစ်အာဏာရှင် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “သတင်းအရ စောင့်ဖမ်းတာလို့ သိရတယ်။ ဖမ်းမိတဲ့ စစ်ဆေးရေးဂိတ်က မြန်အောင်မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်ပါ။ ငွေစက္ကူအတု သိန်း ၄,၇၀၀ နဲ့အတူ ဖမ်းမိခဲ့တာ။ ဖမ်းမိတဲ့လူ ၈ ယောက်က ကား ၂ စီးနဲ့လာတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်ကလည်း အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့မှာ ၁၀,၀၀၀ တန် တငွေစက္ကူအတုပြုသုံးစွဲသူကို စစ်အာဏာရှင် လက်အောက်ခံရဲတွေက ဖမ်းမိခဲ့သေးတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013