DVB Logo
Home
မြန်မာသတင်း
မြန်အောင်တွင် စစ်တပ်က အရပ်သားလူငယ် ၁၂ ဦးကို နေအိမ်ထဲထိ အဓမ္မ ပေါ်တာဆွဲ
DVB
·
September 7, 2026
Photo: MOI
Photo: MOI
Donate to DVB

ဧရာဝတီတိုင်း မြန်အောင်မြို့နယ်မှာ အရပ်သားလူငယ် အမျိုးသား ၁၂ ယောက် အဓမ္မပေါ်တာဆွဲ ဖမ်းဆီးခံရပြီး မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၄ ရက်ကနေ ၆ ရက်အထိ ၃ ရက်အတွင်း မြန်အောင်မြို့နယ်မှာ အရပ်သားလူငယ် အမျိုးသား ၁၂ ယောက်ကို စစ်အာဏာရှင်တပ်နဲ့ ရဲတွေက နေအိမ်တွေထဲအထိ အဓမ္မ လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

မြန်အောင်မြို့နယ်က အရပ်သားတယောက်က “ညဘက် ကင်းလှည့်တာတွေလုပ်ပြီး ဖမ်းခေါ်တာ။ ဒေသခံလူငယ်အများစုက ညဘက်မှာ နေအိမ်တွေမှာ မအိပ်ရဲဘဲ ဘေးလွတ်ရာတွေကို ရှောင်တိမ်းနေကြရတယ်။ ပါသွားတဲ့ ကလေးတွေလည်း အဆက်အသွယ်ပြတ်နေတယ်” လို့ ပြောပါတယ်။

ပေါ်တာဆွဲခံရတဲ့ အရပ်သားလူငယ် ၁၂ ယောက်ဟာ မြန်အောင်မြို့ပေါ်က ၄ ယောက်နဲ့ သပြေကုန်းကျေးရွာဘက်က ၈ ယောက်ဖြစ်ပြီး အသက် ၂၀ ခန့်အရွယ် ကိုဖိုးသား၊ ကိုနေလင်း၊ ကိုထက်ဝေ၊ ကိုချစ်ကို အပါအဝင် လူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။

မြန်အောင်မြို့နယ်နေ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူက “အင်အားအများအပြားနဲ့ကို လိုက်ပေါ်တာဆွဲ ဖမ်းဆီးနေတာ။ မြန်အောင်အခြေစိုက်တပ်က တပ်သားတွေနဲ့ ရဲတွေက ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်နေတာ” လို့ ပြောပါတယ်။

အရပ်သားလူငယ်တွေကို မြန်အောင်အခြေစိုက် စစ်အာဏာရှင်ရဲ့ ခလရ ၅၁ တပ်က တပ်သားတွေ၊ ရဲတွေနဲ့ နယ်မြေခံအုပ်ချုပ်ရေးမှူးတွေက အဓိကပူးပေါင်းလုပ်ဆောင်နေတာလို့ ဆိုပါတယ်။

အဓမ္မပေါ်တာဆွဲ ဖမ်းဆီးခဲ့တဲ့ လူငယ်တွေကို စစ်အာဏာရှင်တပ်နဲ့ ရဲတွေက စစ်မှုထမ်း လူစားထိုးကြေး သိန်း ၂၀၀ ထက်မနည်းယူကာ လူစားထိုးပေးသလို တခြားဒေသတွေကို ကျပ်သိန်း ၂၀၀ ထက်မနည်းယူကာ ပြန်လည်ရောင်းစားတာတွေပါ လုပ်နေတယ်လို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013