DVB Logo
Home
နိုင်ငံတကာ
မျက်နှာစာအားလုံးတွင် လုံးဝ အပစ်အခတ်ရပ်စဲရေး မျှော်လင့်ဟု ထရမ့်ပ်ပြော
DVB
·
June 19, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ် က လက်ဘနွန်၊ ဟက်ဇ်ဘိုလာနဲ့ အစ္စရေးတို့ အပါအဝင် "စစ်မျက်နှာစာ အားလုံးမှာ တိုက်ပွဲတွေ အပြီးတိုင် ရပ်စဲသွားဖို့" မျှော်လင့်တယ်လို့ ဇွန် ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ 

အီရန်နဲ့ ဖြစ်ပွားနေတဲ့ ၄ လနီးပါးကြာ စစ်ပွဲကိုအဆုံးသတ်တဲ့ နားလည်မှုစာချွန်လွှာ MoU လက်မှတ် ရေးထိုးပြီးနောက် တရက်အကြာမှာ ထရမ့်ပ်က သူ့ရဲ့ Truth Social လူမှုကွန်ရက် စာမျက်နှာကနေ  ရေးသားပြီး သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်။ 

ထရမ့်ပ်ရဲ့ ပို့စ်ထဲမှာ "အမေရိကန်နိုင်ငံဟာ ငြိမ်းချမ်းရေး ရရှိဖို့အတွက် အပြည့်အဝ သန္နိဋ္ဌာန် ချထားပါတယ်။ ကျနော်တို့ရဲ့ ဆွေးနွေးပွဲတွေ လှလှပပ အဆုံးသတ်နိုင်ဖို့အတွက် အရှေ့အလယ်ပိုင်း ဒေသတွင်းက လူတိုင်းကိုလည်း သူတို့ရဲ့ ကတိကဝတ်တွေအတိုင်း ဆက်ပြီး ထိန်းသိမ်းသွားကြဖို့ တိုက်တွန်းချင်ပါတယ်" လို့ ရေးသားထားပါတယ်။ 

အခု ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် စီးပွားရေးဈေးကွက်မှာ ရေနံဈေးနှုန်းတွေ အကြီးအကျယ် ကျဆင်းသွားပြီး စတော့ရှယ်ယာဈေးနှုန်းတွေ သိသိသာသာ တက်လာတဲ့အတွက် ဈေးကွက်ကလည်း ဒါကို သဘောကျနေကြတယ်လို့ ဆိုပါတယ်။ 

"လက်ဘနွန်၊ ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ အပါအဝင် မျက်နှာစာအားလုံးမှာ စစ်ပွဲတွေ အပြီးတိုင် ရပ်စဲ သွားဖို့ ကျနော်တို့ မျှော်လင့်ပါတယ်" လို့ ရေးသားပြီး အားလုံးကို ကျေးဇူးတင်ရှိကြောင်း ပို့စ်ထဲမှာ ရေးသားထားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013