DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် RSF က ပေးအပ်သည့် သတ္တိရှင်ဆုရရှိ
DVB
·
June 2, 2026
Photo: RSF 
Photo: RSF 
Donate to DVB

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်ခဲ့လို့ အာဏာသိမ်းစစ်တပ်ရဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်တာခံနေရတဲ့ မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ဟာ နယ်စည်းမထားသတင်းထောက်များအဖွဲ့ (RSF) က ပေးအပ်တဲ့ "သတ္တိရှင်ဆု" (Courage Prize) ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

၃၄ ကြိမ်မြောက် RSF သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ပြင်သစ်နိုင်ငံ၊ မာဆေးလ်မြို့ရှိ Palais du Pharo မှာ ဇွန်လ ၁ ရက်က ကျင်းပခဲ့တဲ့ ၇၇ ကြိမ်မြောက် ကမ္ဘာ့သတင်းမီဒီယာညီလာခံမှာ ထည့်သွင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။

အခုနှစ် RSF ဆုပေးပွဲမှာ မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်နဲ့အတူ နိုင်ငံတကာက စံပြသတင်းထောက်တွေကိုလည်း ကဏ္ဍအလိုက် ဆုတွေ အသီးသီး ချီးမြှင့်ခဲ့ကြပါတယ်။

စစ်အာဏာရှင်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ အသက်အန္တရာယ်ကြားကနေ မြန်မာ့မြေပြင်အရှိ တရား တွေကို သတ္တိရှိရှိ မှတ်တမ်းတင်ခဲ့တဲ့ ကိုစိုင်းဇော်သိုက်ရဲ့ ကြိုးပမ်းမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလို RSF ရဲ့ ဂုဏ်ထူးဆောင် "သတ္တိရှင်ဆု" ကို ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံသတင်းထောက်ကိုစိုင်းဇော်သိုက်ဟာ ၂၀၂၃ မေလမှာ ရခိုင်ပြည်နယ်မှာတိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကို သတင်းမှတ်တမ်းရယူရင်း စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013