တောင်ကိုရီးယား လက်ရွေးစင်အသင်းနည်းပြ ဟောင်မြောင်ဘိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ အသင်းထွက်ခဲ့ရပြီးနောက် ရာထူးက နုတ်ထွက်သွားပါပြီ။
တောင်ကိုရီးယားအသင်းဟာ အုပ်စု (A) မှာ ချက်အသင်းကို နိုင်ခဲ့ပေမဲ့ မက္ကဆီကိုနဲ့ တောင်အာဖရိကတို့ကို ရှုံးနိမ့်ခဲ့လို့ အုပ်စုတတိယနေရာနဲ့ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။
တောင်အာဖရိကကို (၁-၀) ဂိုးနဲ့ ရှုံးပြီးနောက် ပရိသတ်တွေက သူ့ကို ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဟောင်မြောင်ဘိုရဲ့ နည်းပြပုံစံကို မေးခွန်းထုတ်စရာတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် အုပ်စုနောက်ဆုံးပွဲမှာ ဆွန်ဟောင်မင်လို ကစားသမားကို အရန်ခုံမှာ ထိုင်ခိုင်းခဲ့တာပါ။
သမ္မတ အီဂျယ်မြောင်ကတော့ ရလဒ်တွေအပေါ် အံ့အားသင့်မိကြောင်း ပြောကြားခဲ့ပြီး အရည်အချင်းမရှိတဲ့သူတွေကို ခန့်အပ်တာကြောင့် ဒီလိုဖြစ်ရတာပါလို့လည်း ပြည်သူတွေကို တောင်းပန်ခဲ့ပါတယ်။











