DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက် အလုပ်သမားတန်းလျား မီးလောင်၊ အခန်း ၃၆ ခန်း ပျက်စီးဆုံးရှုံး 
DVB
·
April 2, 2026
ဘန်ကောက် အလုပ်သမားတန်းလျား မီးလောင်၊ အခန်း ၃၆ ခန်း ပျက်စီးဆုံးရှုံး 
1 / 5
Photo:  Khaosod News
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဘန်ဆိနယ်မြေထဲမှာ မတ် ၃၁ ရက်က အလုပ်သမားတန်းလျား မီးလောင်ပြီး အခန်းပေါင်း ၃၆ ခန်းအပြင် ကား ၄ စီးနဲ့ ဆိုင်ကယ်တွေ ပျက်စီးဆုံးရှုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ပရချားရတ်ဆဒွန်းရပ်ကွက်၊ ပရချားရတ်ဆဒွန်းလမ်းသွယ် ၃၈ ထဲမှာ မတ် ၃၁ ရက် ညနေ ၄ နာရီ ၄၇ မိနစ်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရချင်း မီးသတ်ကားတွေနဲ့ သွားငြှိမ်းသတ်ခဲ့တယ်၊ မီးသတ်ကားရောက်သွားချိန် အဆောက်အအုံရဲ့ အစိတ်အပိုင်းအတော်များများ မီးလောင်ထားပြီး အနီးနားတွေ ဆက်မကူးနိုင်အောင်သာ ဆက်လက် ငြှိမ်းသတ်ခဲ့တယ်၊ နာရီဝက်အကြာ မီးငြှိမ်းသတ်ပြီးမှ ညနေ ၅ နာရီကျော်မှာ မီးညွန့်ကျိုးသွားတာလို့ မီးသတ်ဝန်ထမ်းတယောက်က ပြောပါတယ်။

အနီးနားနေထိုင်သူတွေကလည်း မီးလောင်တဲ့ အဆောက်အအုံဟာ ၂ ထပ်ပျဉ်ထောင်ဖြစ်ပြီး အလုပ်သမားအများစု နေထိုင်ကြတယ်၊ အခန်းပေါင်း ၈၀ ကျော်ပါရှိပြီး  အောက်ထပ်ကနေ စလောင်တယ်၊ မီးသတ်ကားရောက်မလာခင် ဝိုင်းဝန်းငြှိမ်းသတ်ကြပေမဲ့ ရေမလုံလောက် တာကြောင့် အပေါ်ထပ်ထိပါ မီးကူးသွားပြီး စုစုပေါင်း  ၃၆ ခန်း လောင်ကျွမ်းသွားတယ်၊ ဒါ့အပြင် အဆောက်အအုံရဲ့ အစိတ်အပိုင်းတွေအောက်ကို ကျိုးကျလာပြီး ရပ်ထားတဲ့ကားနဲ့ ဆိုင်ကယ်တွေပါ မီးကူးကုန်တယ်၊ ကား ၄ စီးနဲ့ ဆိုင်ကယ်အတော်များများ ပျက်စီးတယ်လို့ ပြောပါတယ်။

အဆိုပါ တန်းလျားမှာနေထိုင်သူ တောင်ပေါ်သူ အမျိုးသမီးလုပ်သားတယောက်ကလည်း သူဟာ ချင်းရိုင်းခရိုင် မဲ့ကျန်းကနေ အလုပ်လာလုပ်တာ၊ အလုပ်ဆင်းနေစဉ် အဆောင် မီးလောင်တာကြားလို့ ချက်ချင်းပြေးလာတယ်၊ ဒါပေမဲ့ သူနေတဲ့အခန်းက မီးလောင်နေပြီ၊ ဘာပစ္စည်မှ ယူချိန်မရလိုက်ဘူး၊ အဝတ်တထည် ကိုယ်တခုနဲ့  မှတ်ပုံတင်ကတ်ပြားတခုပဲ ကျန်တယ်လို့  ထိုင်းရုပ်သံသတင်းထောက်ကို ပြောပါတယ်။

မီးဘေးသင့် အလုပ်သမားတွေအတွက် ဘန်ဆိနယ်မြေ အုပ်ချုပ်ရေးရုံးက အိပ်ရာ၊ စောင်နဲ့ အခြေခံလိုအပ်ချက်တွေ ထောက်ပံ့ကူညီပေးပြီး  မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ တာဝန်ရှိသူတွေက စစ်ဆေးနေဆဲလို့  သတင်းမှာ ဖော်ပြပါတယ်။ 

Source: Amarin TV / Khaosod News

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013