
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မြောက်ဘက်က ကျေးရွာတွေကို စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၁ နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်မှာ Mi-35 လေယာဉ် ၂ စင်း၊ တိုက်လေယာဉ် ၂ စင်း အသုံးပြုပြီး ကျေးရွာ ၂ ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
လေကြောင်းတိုက်ခိုက်မှုကြောင့် သစ်ကြီးတောကျေးရွာက ၁ နှစ်အရွယ်ကလေးငယ် အပါအဝင် ပြည်သူ ၉ ယောက်နဲ့ ပိတ်သင်းကပ်ရွာက ပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၆ ရက် ည ၇ နာရီဝန်းကျင်မှာလည်း ဂျက်ဖိုက်တာ ၂ စင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ပြီး လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတဲ့အတွက် သေဆုံးသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက် အသေးစိတ်ကို မသိရှိရသေးပါဘူး။











