
မက္ကဆီကိုနိုင်ငံသားတွေနဲ့ နိုင်ငံခြားဧည့်သည်တွေဟာ ဧပြီ ၄ ရက်က မက္ကဆီကိုနိုင်ငံရဲ့မြို့တော် မက္ကဆီကိုစီးတီးမှာ သစ္စာဖောက် တမန်တော် မီးရှို့ခြင်းပွဲတော်ကို ကြည့်ရှုခဲ့ကြပါတယ်။
ဒီပွဲတော်ဟာ ကတ်ထူပြားရိုးရာအနုပညာနဲ့ နိုင်ငံရေးဝေဖန်ချက်တွေကို ပေါင်းစပ်ထားတဲ့ ရိုးရာဓလေ့တရပ် ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ မကောင်းမှုလောင်ကျွမ်းခြင်းကို ကိုယ်စားပြုဖို့ စနေနေ့ညမှာ နတ်ဆိုးရဲ့ ဧရာမကတ်ထူပြား ရုပ်တုတွေကို မီးရှို့ခဲ့ကြပါတယ်။
အခုနှစ်မှာ ရွေးချယ်ထားတဲ့ နတ်ဆိုးတွေထဲမှာ မက္ကဆီကိုသမ္မတ၊ အထူးသဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့ ပါပါတယ်။
မယ်ဆေ့ဒ် ဘယ်ဘွေနာ မြို့လယ်ရပ်ကွက်မှာ မီးရှို့တဲ့ပွဲတော်ကို ဆယ်စုနှစ်များစွာကတည်းက စတင်ခဲ့တာပါ။ ခုတော့ လူငယ်မျိုးဆက်တွေနဲ့ နိုင်ငံခြားဧည့်သည်တွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နေပါတယ်။
ဒီအစဉ်အလာဟာ တမန်တော် အက်စ်ကဲရိယတ်က ငွေဒင်္ဂါး ၃၀ အတွက် ယေရှုခရစ်တော်အပေါ် သစ္စာဖောက်မှုကို ကိုယ်စားပြုပါတယ်။
ဒီသစ္စာဖောက်မှုကြောင့် ခရစ်တော်ဟာ ဥယျာဉ်မှာ ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်း လက်ဝါးကပ်တိုင်မှာ အသတ်ခံခဲ့ရပါတယ်။
အီစတာပွဲတော်ကာလအတွင်းနဲ့ အီစတာတနင်္ဂနွေနေ့မှာ ယေရှု ရှင်ပြန်ထမြောက်ခြင်း ပွဲတော်ကို မကျင်းပခင် သန့်ရှင်းသောစနေနေ့မှာ သူ့ရဲ့ရုပ်တုကို မီးရှို့တာဟာ သန့်စင်မှုလုပ်ရပ်ကို ကိုယ်စားပြုတယ်လို့ မက္ကဆီကန် အမျိုးသားအနုပညာပြတိုက်က ပြောပါတယ်။
ဒီအစဉ်အလာဟာ စပိန်လူမျိုးတွေနဲ့အတူ စတင်ခဲ့ပေမဲ့ နောက်ဆုံးမှာ ဘရင်ဂျီဂိုဏ်းနဲ့ ဝါဒမတူသူတွေကို နှိပ်ကွပ်တဲ့ အဖွဲ့အစည်းကြောင့် လူပုဂ္ဂိုလ်တွေကို အများပြည်သူရှေ့မှာ မီးရှို့တာကို လှောင်ပြောင်တဲ့ပုံစံအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ မက္ကဆီကန် လက်မှုပညာရှင်တွေဟာ ကတ်ထူပြား လက်မှုပညာနည်းပညာတွေကို အလေ့အကျင့်ထဲ ထည့်သွင်းခဲ့ကြတယ်လို့ မက္ကဆီကန် အမျိုးသား အနုပညာပြတိုက် MUNAL က ပြောခဲ့ပါတယ်။
Source: Reuters











