DVB Logo
Home
နိုင်ငံတကာ
လေထီးစစ်သား ၂,၀၀၀ အရှေ့အလယ်ပိုင်းသို့စေလွှတ်ရန် ပင်တဂွန် အမိန့်ထုတ်
DVB
·
March 25, 2026
Photo: DVIDS
Photo: DVIDS
Donate to DVB

အမေရိကန်ကြည်းတပ်ရဲ့ အမှတ် ၈၂ လေကြောင်းချီတပ်မ၊ Immediate Response Force တပ်မဟာက စစ်သည် ၂,၀၀၀ လောက် အရှေ့အလယ်ပိုင်းမှာ တပ်စွဲဖို့ ပင်တဂွန်စစ်ရုံးချုပ်က အမိန့်ထုတ်လိုက်တယ်လို့ တာဝန်ရှိသူတယောက်က အတည်ပြုပါတယ်။

အမိန့်ရပြီး ၁၈ နာရီအကြာမှာ ကမ္ဘာတဝန်း ဘယ်နေရာကိုမဆို သွားရောက်နိုင်တဲ့ Immediate Response Force မှာ တပ်ဖွဲ့ဝင် ၃,၀၀၀ ရှိတဲ့အနက် ၂,၀၀၀ ကို စေလွှတ်တာဖြစ်ပါတယ်။

အမေရိကန်က စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေတယ်လို့ ပြောပေမဲ့ စစ်ရေးနည်းလမ်းတွေ ရွေးချယ်နိုင်အောင် ပြင်ဆင်ထားတဲ့သဘော ဖြစ်ပါတယ်။

သူတို့ကို ဘယ်နေရာမှာ ထားရှိမလဲဆိုတာ မသေချာသေးပေမဲ့ အီရန်ကို လှမ်းတိုက်လို့ရတဲ့ အကွာအဝေးမှာ ရှိမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဒီစစ်သားတွေဟာ ဒေသတွင်းမှာ ရောက်ရှိနေပြီဖြစ်တဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၅၀,၀၀၀ အင်အားကို ထပ်မံဖြည့်တင်းပေးမှာပါ။

အမေရိကန်စစ်တပ်ဟာ ဟော်မုဇ်ရေလက်ကြား လုံခြုံရေးယူဖို့နဲ့ အီရန်ရဲ့ ရေနံတင်ပို့မှု အဓိကနေရာဖြစ်တဲ့ ခါ့ဂ်ကျွန်းကို မြေပြင်တပ်တွေ စေလွှတ်ဖို့ စဉ်းစားနေပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက အမေရိကန်ဟာ အီရန်နိုင်ငံထဲက ပစ်မှတ်ပေါင်း ၉,၀၀၀ ကို တိုက်ခိုက်ခဲ့ပါတယ်။

ဒီစစ်ပွဲမှာ လက်ရှိအချိန်အထိ အမေရိကန်စစ်သား ၁၃ ယောက် သေဆုံးခဲ့ပြီး အယောက် ၂၉၀ ဒဏ်ရာရထားပါတယ်‌။

အမေရိကန်ပြည်သူတွေကြားမှာတော့ အီရန်ကို တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး ထောက်ခံမှု ၃၅ ရာခိုင်နှုန်းသာ ရှိတယ်လို့ မတ် ၂၄ ရက်က ထုတ်ပြန်တဲ့ စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013