DVB Logo
Home
နိုင်ငံတကာ
AI နှင့် ဒရုန်း စစ်ဆင်ရေးဌာနချုပ် ပင်တဂွန် ဖွဲ့စည်း
DVB
·
October 1, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အမေရိကန်စစ်တပ်မှာ AI၊ ဒရုန်းနဲ့ စက်ရုပ်နည်းပညာတွေ ပိုမိုအသုံးချဖို့ အော်တိုနောမတ်စ် စစ်ဆင်ရေးဌာနချုပ် (Autonomous Warfare Command)  ဖွဲ့စည်းမယ်လို့ ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်က စက်တင်ဘာ ၃၀ ရက်မှာ ကြေညာပါတယ်။

ဌာနချုပ်သစ်ကို ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးတယောက် ဦးဆောင်မှာဖြစ်ပြီး အမေရိကန်စစ်တပ် တခုလုံးအတွက် အလိုအလျောက်နဲ့ စက်ရုပ်စနစ်တွေ ဖွံ့ဖြိုးအသုံးချနိုင်ရေးကို ဦးတည်မှာပါ။

၂၀၁၉ ခုနှစ်က အမေရိကန် အာကာသကွပ်ကဲရေးဌာနချုပ်ဖွဲ့စည်းပြီးနောက်ပိုင်း အမေရိကန် စစ်တပ် က စစ်ဆင်ရေးဌာနချုပ်အသစ် ဖွဲ့တာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

ပင်တဂွန်ဟာ စျေးကြီးတဲ့ သမားရိုးကျ လက်နက်စနစ်တွေကိုသာ အားထားတာကနေ စျေးသက်သာ ပြီး AI မောင်းနှင်တဲ့ ဒရုန်းနဲ့ အလိုအလျောက် လက်နက်စနစ်တွေကို တိုးချဲ့ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

“ဒီနေ့မှာ အရည်အသွေးနဲ့ အရေအတွက် နှစ်ခုလုံးလိုတယ်” လို့ ဟဂ်ဆီသ်က ပြောပါတယ်။

ယူကရိန်းစစ်ပွဲမှာလည်း စျေးသက်သာတဲ့ ဒရုန်းတွေက ထောက်လှမ်းရေးနဲ့ တိုက်ခိုက်ရေးမှာ အဓိက အခန်းကဏ္ဍ ယူလာပြီး ရုရှားဘက် ထိခိုက်သေဆုံးမှုရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ ဒရုန်းကြောင့် ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

တဖက်မှာလည်း အနာဂတ်စစ်ပွဲအတွက် လိုအပ်မဲ့ နည်းပညာတွေကို လေ့လာဖို့ Project Meridian ဆိုတဲ့ ရက် ၁၂၀ စီမံကိန်းကို ပင်တဂွန်က စတင်လိုက်ပါတယ်။

ဒီစီမံကိန်းကို ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် SpaceX အမှုဆောင်ချုပ် အီလွန်မတ်စ်ခ်၊ Anduril အမှုဆောင်ချုပ် ပေါလ်မာ လက်ကီနဲ့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နယူးတ် ဂင်းရစ်ချ်တို့ ပူးတွဲဦးဆောင်မှာပါ။

Project Meridian က AI၊ စက်ရုပ်နည်းပညာနဲ့ နည်းပညာသစ်တွေကို စစ်ရေးမှာ ဘယ်လို အသုံးချမလဲ လေ့လာပြီး ရက် ၁၂၀ ပြည့်ချိန်မှာ အများပြည်သူဖတ်ရှုနိုင်မဲ့ အကြံပြု အစီရင်ခံစာ တစောင် ထုတ်ပြန်ဖို့ စီစဉ်ထားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013