DVB Logo
Home
နိုင်ငံတကာ
ကလေးများသမဂ္ဂ နှစ် ၈၀ ပြည့်ပွဲ မြောက်ကိုရီးယား ကျင်းပ
DVB
·
June 8, 2026
Photo: KCNA FOR REUTERS
Photo: KCNA FOR REUTERS
Donate to DVB

မြောက်ကိုရီးယားနိုင်ငံမှာ ဇွန် ၆ ရက်က ကိုရီးယားကလေးများသမဂ္ဂ (KCU) တည်ထောင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြပါတယ်။

ပွဲစဉ်ထဲမှာ အားကစားပွဲတွေ၊ ယဉ်ကျေးမှု ဖျော်ဖြေပွဲတွေနဲ့ နိုင်ငံတဝန်းက ကျောင်းသားတွေအတွက် အစည်းအဝေးတွေ ပါဝင်ပါတယ်။

KCNA သတင်းဌာနကနေ ပေးပို့တဲ့ ရုပ်သံထဲမှာ ကျောင်းသားတွေက ဖျော်ဖြေပွဲတွေနဲ့ အပန်းဖြေဂိမ်းတွေမှာ ပါဝင်ခဲ့ကြတာကို တွေ့ရပါတယ်။

လွန်ဆွဲပွဲ၊ ခြေသုံးချောင်းပြေးပွဲနဲ့ ဘတ်စကက်ဘော အပါအဝင် ပြိုင်ပွဲတွေကို နိုင်ငံတဝန်းက ကျောင်းတွေမှာ ကျင်းပခဲ့ပြီး နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကပွဲတွေကို ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

အသက် ၁၁ နှစ်အရွယ် ကျောင်းသားလေး ကွမ်ပူအွန်က “အနာဂတ်မှာ ကျနော် ကြိုးစားလေ့လာပြီး ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေမှာ ကောင်းကောင်း လုပ်ဆောင်သွားမှာဖြစ်ပြီး လေးစားခံရတဲ့ ဖခင် ကင်မ်ဂျုံအန်းရဲ့ မေတ္တာကို ပြန်ပေးဆပ်သွားမှာပါ” လို့ ပြောပါတယ်။

ကလေးတွေအတွက် အစိုးရ ဦးဆောင် လူငယ်အဖွဲ့အစည်းတခုဖြစ်တဲ့ KCU ကို ၁၉၄၆ ခုနှစ် ဇွန် ၆ ရက်မှာ စတင်တည်ထောင်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013