
ဂျပန်နဲ့ ဩစတြေးလျအသင်းတို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃၂ အသင်းအဆင့်ကို ပထမဆုံး တက်ရောက်နိုင်ခဲ့တဲ့ အာရှအသင်းတွေ ဖြစ်ပါတယ်။
တရုတ်အသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မပါဝင်ပေမဲ့ ဒီပြိုင်ပွဲမှာ တရုတ်ကုမ္ပဏီတွေ လွှမ်းမိုးထားတယ်လို့ နီကီအာရှရဲ့ အယ်ဒီတာအာဘော်မှာ ဖော်ပြပါတယ်။
၁၉၉၃ ခုနှစ်က ဂျေလိဂ် စတင်ပြီး ဘောလုံးအားကစားဖွံ့ဖြိုးအောင် လုပ်ခဲ့တဲ့ ဂျပန်အသင်းဟာ ၁၉၉၈ ခုနှစ်ကတည်းက ၈ ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်ထားတဲ့အသင်း ဖြစ်ပါတယ်။
အီတလီစီးရီးအေမှာ ဂျပန်ကစားသမားတွေ ထင်ရှားခဲ့ပြီး ဥရောပမှာ ကစားတဲ့ ကစားသမား အရေးအတွက်လည်း များခဲ့ပါတယ်။
အဲဒီတုန်းက Fuji Film, Canon, Sony, Toshiba စတဲ့ ဂျပန်ကုန်ပစ္စည်း အမှတ်တံဆိပ်တွေက ကမ္ဘာ့ဖလားစပွန်ဆာတွေမှာ ရေပန်းစားခဲ့ပါတယ်။
ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျပန်ကုန်အမှတ်တံဆိပ်တွေ လုံးဝမတွေ့ရဘဲ တရုတ်ကုန်ပစ္စည်း ကြော်ငြာတွေပဲ နေရာယူထားပါတယ်။
ဂျပန်အသင်းကစားခဲ့တဲ့ပွဲမှာ Regza အမှတ်တံဆိပ်ကြော်ငြာ မြင်တွေ့ခဲ့ရတယ်လို့ အယ်ဒီတာ အာဘော်မှာ ဖော်ပြပါတယ်။
Reza ဟာ Toshiba TV အမှတ်တံဆိပ်ဖြစ်ပေမဲ့ တရုတ်ကုမ္ပဏီ Hisense က ၂၀၁၈ ခုနှစ်က ရယူခဲ့တာပါ။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ နည်းပညာမိတ်ဖက် အဖြစ်လည်း တရုတ်ကုမ္ပဏီ Lenovo အုပ်စုက ပံ့ပိုးထားပါတယ်။
ဒါ့ကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ Lenovo က AI နည်းပညာ အပါအဝင် ပြိုင်ပွဲရဲ့ တရားဝင် နည်းပညာပံ့ပိုးမှု ကုမ္ပဏီ၊ Hisense က ပြိုင်ပွဲရဲ့ VAR နည်းပညာပြုချိန် ရုပ်သံပြသမှုကို စပွန်ဆာပေးထားပြီး Megniu Daily က ပြိုင်ပွဲရဲ့ တရားဝင် စပွန်ဆာကုမ္ပဏီအဖြစ်နဲ့ Wanda Group က Official tournament sponsor အဖြစ် ပါဝင်နေတယ်လို့ ဖော်ပြပါတယ်။
Source:Reuters










