DVB Logo
Home
မြန်မာသတင်း
ရေတာရှည်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
DVB
·
March 14, 2026
ရေတာရှည်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
Donate to DVB

ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင် ရောက်လာတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း ၈၀၃ က မတ် ၁၃ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

၈၀၃ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်တောင်းမြစ်ဝှမ်းအရှေ့ဘက်ကမ်း၊ ဆွာမကြီးရွာမှာ အထိုင်ချတပ်စွဲနေတဲ့အထဲက တပ်ကြပ်အဆင့်ရှိသူ ထက်မိုးဟိန်း (ကိုယ်ပိုင်အမှတ်-လ/၂၇၅၈၄၈) နဲ့ ရဲတပ်သား ကျော်စွာ (ကိုယ်ပိုင်အမှတ်-လ/၃၁၁၂၁၅) တို့ဟာ ကျနော်တို့ တပ်ရင်းကို ချိတ်ဆက်ပြီး သေနတ် ၂ လက်အပြင် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တာ” လို့ ပြောပါတယ်။

အဲဒီ ရဲတပ်ဖွဲ့ဝင်တွေဟာ G3 သေနတ် ၂ လက်၊ ကျည်ဘောက် ၈ ခု၊ ကျည်အတောင့် ၁၀၀ နဲ့ Vest ဝတ်စုံ ၂ ခု တို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။

နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း ၈၀၃ ရဲ့ တာဝန်ရှိသူတယောက်က “သူတို့ ၂ ယောက်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ အလင်းဝင်လာတာဖြစ်ပေမဲ့ လုံခြုံရေးအခြေအနေတွေအပြင် ပြည်သူ့ရင်ခွင်ပါ ချိတ်ဆက်ပေးပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားတဲ့အပြင် ပြည်ပနိုင်ငံ တခုမှာ အလုပ်အကိုင် ရရှိရေးအတွက်လည်း ချိတ်ဆက်ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းစဉ်တွေ ရှိနေတာကြောင့်မို့လို့ အခုလို ကိစ္စအားလုံးအဆင်ပြေမှ သတင်းထုတ်ပြန်တာ နောက်ကျ ခဲ့ရတာပါ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေကြတဲ့ စစ်သားနဲ့ ရဲတွေအနေနဲ့လည်း ပြည်သူ့ဘက်ကို မျက်နှာမူပြီး ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးဝင်ရောက်​ခိုလှုံကြဖို့ တိုက်တွန်းလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။

နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း ၈၀၃ ဟာ တိုက်ပွဲတွေ ဆက်တိုက်​ဖော်ဆောင်နေသလို ခဲယမ်းနဲ့ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013