
အီရတ်နိုင်ငံအနောက်ပိုင်းမှာ ပျက်ကျခဲ့တဲ့ အမေရိကန် စစ်လေယာဉ်ပေါ်ပါ အဖွဲ့ဝင် ၆ ယောက်ထဲက ၄ ယောက် သေဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်စစ်တပ်က မတ် ၁၃ ရက်မှာ အတည်ပြုပြ ပြောကြားခဲ့ပြီး ကျန်နေသေးတဲ့ လူ ၂ ယောက်ကို ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေပါတယ်။
အမေရိကန်စစ်တပ်ရဲ့ လောင်စာဆီဖြည့်လေယာဉ်တစင်းဟာ မတ် ၁၂ ရက်က အီရတ်နိုင်ငံ အနောက်ပိုင်းမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။
အဲဒီဖြစ်ရပ်မှာ တခြား လေယာဉ် တစင်းလည်း ပါဝင်ပတ်သက်ခဲ့ပေမဲ့ ဒါဟာ ရန်သူ တိုက်ခိုက်မှု ကြောင့် မဟုတ်သလို ကိုယ်ပိုင်တပ်ဖွဲ့ မှားယွင်းပစ်ခတ်မှုကြောင့်လည်း မဟုတ်ဘူးလို့ စစ်တပ်က ပြောပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်အရ “အခုဖြစ်ရပ်ရဲ့ အကြောင်းရင်းနဲ့ အခြေအနေ အသေးစိတ်ကို လက်ရှိ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လေယာဉ်ပျက်ကျမှုဟာ ရန်သူက ပစ်ခတ်တိုက်ခိုက်မှုကြောင့်လည်း မဟုတ်သလို ကိုယ်ပိုင်တပ်ဖွဲ့ဘက်က မှားယွင်းပစ်ခတ်မှုကြောင့် လည်း မဟုတ်ဘူး”လို့ ပြောထားပါတယ်။
Source: Reuters











