DVB Logo
Home
မြန်မာသတင်း
KNU နယ်စပ်ဂိတ်ကို KTLA အဖွဲ့က ဝင်ရောက်ပစ်ခတ်
DVB
·
March 13, 2026
KNU နယ်စပ်ဂိတ်ကို KTLA အဖွဲ့က ဝင်ရောက်ပစ်ခတ်
Donate to DVB

တနင်္သာရီတိုင်း၊ ကရင်အမျိုးအသားအစည်းအရုံး (KNU) ရဲ့ မြိတ်-ထားဝယ်ခရိုင်၊ ထီးမိုပွာဒေသ၊ ဘောတီ-အမိုးနယ်စပ်ဂိတ်ကို ကော်သူလေးတပ်မတော် (KTLA) က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ KNU တပ်မဟာ ၄ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

မတ် ၁၃ ရက် မနက် ၆ နာရီဝန်းကျင်လောက်မှာ KNU ရဲ့ နယ်စပ်လုံခြုံရေးဂိတ်ကို ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

KNU တပ်မဟာ ၄ မြိတ်ထားဝယ်ခရိုင် သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ပဒိုစောအယ်နားက “သူတို့ (KTLA) ရဲ့ လုပ်ရပ်က ပြဿနာရှိရင်လည်း ညှိနှိုင်းအဖြေရှာလို့ရတယ်လေ။ အခုလုပ်ရပ်က အထူးသဖြင့် ကျနော်တို့ စကစကို တိုက်ခိုက်နေလို့ အလုပ်များနေချိန်မှာ အခွင့်ကောင်းယူပြီး တိုက်ခိုက်တယ်။ ဒါကြောင့် စကစရဲ့ အင်အားတခုလို့ မြင်တယ်” လို့ ပြောပါတယ်။

အင်အား ၂၀ ဝန်းကျင်ခန့်ရှိ ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး KNU ဘက်က ဆုတ်ခွာချိန်မှာ စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပစ်ခတ်မှုအတွင်း ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ ပဒိုစောအယ်နားက ပြောပါတယ်။

ကော်သူးလေတပ်မတော် (KTLA) ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်တွေနဲ့ ဂိတ်စခန်းတွေကို မကြာခဏ ချုံခိုတိုက်ခိုက်နေတယ်လို့ သိရပါသေးတယ်။

Photo: KNU

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013