DVB Logo
Home
နိုင်ငံတကာ
မီရှီဂန် ဂျူးဘုရားကျောင်းအား ကားဖြင့်ဝင်တိုက်သူ  အသေမိ
DVB
·
March 13, 2026
မီရှီဂန် ဂျူးဘုရားကျောင်းအား ကားဖြင့်ဝင်တိုက်သူ  အသေမိ
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ မီရှီဂန်ပြည်နယ်က ဂျူးဘုရားကျောင်းကြီးကို မတ် ၁၂ ရက် မွန်းလွဲပိုင်းက  ကားနဲ့ဝင်တိုက်ခဲ့တဲ့ ယာဉ်မောင်းသူကို အသေဖမ်းမိတယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

ကားမောင်းသူဟာ အမေရိကန်နိုင်ငံသားခံယူခွင့် ရထားသူဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ အမေရိကန်ကို ရောက်လာတဲ့ လက်ဘနွန်မှာမွေးတဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသား အေမန်မိုဟာမက် ဂါဇာလီ ဖြစ်တယ်လို့ အမိမြေလုံခြုံရေးဌာနက ထုတ်ပြန်ပါတယ်။

အုတ်ကလန်ကောင်တီ ရဲမှူးကြီး မိုက်ဘူးချတ်က သံသယရှိသူဟာ ဘုရားကျောင်းတံခါးတွေကို ကားနဲ့ဝင်တိုက်ခဲ့ပြီး စင်္ကြံလမ်းထဲအထိ မောင်းနှင်သွားချိန်မှာ ကားမီးလောင်သွားခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

လုံခြုံရေးတွေက ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ လုံခြုံရေးတယောက်ကတော့ ဆေးရုံမှာ ကုသမှုခံယူနေပါတယ်။

ဒီဖြစ်ရပ်ဟာ ဂျူးအသိုက်အဝန်းကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်လုပ်ရပ်အဖြစ် စုံစမ်းစစ်ဆေးနေတယ်လို့ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က အတည်ပြုထားပါတယ်။

အဆောက်အအုံ မီးလောင်ကျွမ်းမှုကြောင့် မီးခိုးငွေ့ရှူရှိုက်မိတဲ့ ရဲအရာရှိ ၃၀ ကို ဆေးရုံတင်ခဲ့ရပေမဲ့ ဘုရားကျောင်းမှာရှိနေတဲ့ မူကြိုကျောင်းသား ၁၄၀ ကိုတော့ ဘေးကင်းကင်းနဲ့ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။

အိမ်ဖြူတော်က ကျင်းပတဲ့ အခမ်းအနားတခုမှာ ဒေါ်နယ်ထရမ့်ပ်က မီရှီဂန် ဂျူးအသိုက်အဝန်း အတွက် မေတ္တာပို့သကြောင်းနဲ့ ဒါဟာ ဆိုးရွားတဲ့ကိစ္စဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

Temple Israel ဘုရားကျောင်းကို ၁၉၄၁ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။ အဲဒီမှာ အသင်းသူ အသင်းသား မိသားစု ၃,၅၀၀ လောက်၊ လူဦးရေအားဖြင့် ၁၂,၀၀၀ လောက် ရှိပါတယ်။

ဘုရားကျောင်းတည်ရှိတဲ့ ဝက်စ်ဘလွန်းဖီးလ်မြို့ဟာ မီရှီဂန်ပြည်နယ်၊ ဒက်ထရွိုက်မြို့ ဆင်ခြေဖုံးက ဂျူးလူမျိုး အများအပြားနေထိုင်တဲ့ နေရာတခု ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013