DVB Logo
Home
မြန်မာသတင်း
မြန်မာဒုက္ခသည်များအတွက် ဩစတြေးလျအမျိုးသား ၁ ဦးက ကမ္ဘာ့စံချိန်တင် စွန်လွှတ်ပြီး ရန်ပုံငွေရှာ
DVB
·
March 13, 2026
မြန်မာဒုက္ခသည်များအတွက် ဩစတြေးလျအမျိုးသား ၁ ဦးက ကမ္ဘာ့စံချိန်တင် စွန်လွှတ်ပြီး ရန်ပုံငွေရှာ
Donate to DVB

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့် နယ်စပ်ဒေသနဲ့ မြန်မာပြည်တွင်းမှာ ဒုက္ခရောက်နေ ကြသူတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ တစိတ်တပိုင်း ကူညီနိုင်ဖို့ ဩစတြေးလျ နိုင်ငံသားတယောက်က ၂၄ နာရီကြာ ကမ္ဘာ့အချိန်အကြားဆုံး စံချိန်တင် စွန်လွှတ်ပြီး ရန်ပုံငွေရှာ ဖွေဖို့ လုပ်ဆောင်နေပါတယ်။

သူ့ရဲ့ နာမည်ကတော့ အန်းဂတ်စ် ဂျွန်စတုန်းလို့ သိရပြီး မြန်မာနိုင်ငံမှာ နှစ်အတော်ကြာ နေထိုင်ခဲ့ ပြီးနောက် သူကြုံတွေ့နေရတဲ့ အခြေအနေအပေါ် ခုလိုတတ်စွမ်းတဲ့ဘက်က ကူညီနိုင်ဖို့ Fly with Myanmar - World’s Longest Individual Kite Flight အမည်နဲ့ Facebook စာမျက်နှာတခု ဖွင့်လှစ်ပြီး လုပ်ဆောင်သွားဖို့ ကြေညာထားခဲ့တာပါ။

“ကျနော့်နာမည် အန်းဂတ်စ်ပါ။ ကျနော် စွန်လွှတ်ရတာကို အလွန်နှစ်သက်ပါတယ်။ ကို ဗစ်ကာလ အတွင်းမှာ စွန်လွှတ်ခြင်းကို စွဲလမ်းသွားခဲ့ပြီး အဲဒီနောက်ပိုင်းမှာလည်း ဆက်လက် လုပ်ဆောင် နေခဲ့ပါတယ်။ ကျနော် မြန်မာနိုင်ငံကိုလည်း အရမ်းချစ်ပါတယ်။ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံ တွေရဲ့ ပြင်ပ ကျနော် ပထမဆုံးသွားရောက်လည်ပတ်ခဲ့တဲ့ နိုင်ငံက မြန်မာနိုင်ငံပါ။ အဲဒီမှာ နှစ်အတော်ကြာ နေထိုင်ခဲ့ပြီး ကျနော့် ဇနီးနဲ့လည်း အဲဒီမှာပဲ ဆုံတွေ့ခဲ့တာပါ။ တခြားသော ရင်းနှီးတဲ့ မိတ်ဆွေတွေ အများကြီးကိုလည်း အဲဒီမှာပဲ ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကျနော့် နှလုံးသားထဲကနေ ဘယ်တော့မှ ထွက်ခွာသွားမှာမဟုတ်တဲ့ နေရာတခုပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံအတွင်းမှာရှိတဲ့သူတွေနဲ့ နယ်စပ်ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေတဲ့ သူတွေအတွက် တော့ ဘဝဟာ နေ့စဉ် ရုန်းကန်နေရတဲ့အရာတခု ဖြစ်နေပါတယ်။ ၅ နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ်နဲ့ မကြာသေးခင်ကမှ ဖြတ်တောက်လိုက်တဲ့ အကူအညီအစီအစဉ်တွေကြောင့် လက်ရှိအချိန်ဟာ အရင်ကထက် ပိုမိုခက်ခဲနေပါတယ်။ ဒီလောက်တောင် ဒုက္ခရောက်နေကြတဲ့ အခြေအနေမျိုးမှာ ဘာလုပ်ပေးရမလဲဆိုတာ သိဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ သတင်းကောင်းက တော့ အဲဒီ ဒေသတွေမှာရှိတဲ့ ပြည်သူတွေရဲ့ဘဝ မြှင့်တင်ပေးဖို့ အံ့ဩစရာကောင်းတဲ့ သူတွေက မြေပြင်မှာ အင်တိုက်အားတိုက် ကြိုးပမ်းနေကြတာပဲ ဖြစ်ပါတယ်။ ကျနော်ဘာလုပ်မှာလဲဆို ရင်တော့... ကျနော် စွန်လွှတ်မှာပါ။ မြေပြင်မှာ အံ့ဩစရာကောင်းတဲ့လုပ်ငန်းတွေကို လုပ်ဆောင် နေသူတွေကို ထောက်ပံ့ဖို့ ရန်ပုံငွေရှာပေးချင်ပါတယ်။ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေလဲ ဆိုတာ မသိရှိသေးသူတွေအတွက် အသိပညာပေးဖို့အတွက်ပါ”

သူ့အနေနဲ့ မြန်မာနိုင်ငံက သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ စွန်တစင်းကို ကောင်းကင်ထက်မှာ ၂၄ နာရီကြာအောင် ပျံဝဲနေစေဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

“ဘာကြောင့် ၂၄ နာရီလဲဆိုရင်... လုပ်လက်စနဲ့ Guinness ဂင်းနစ်ကမ္ဘာ့စံချိန်ကိုပါ တခါတည်း တင်ကြည့်ရင် ကောင်းမလားလို့ပါ။ အိပ်စက်ချိန်မရှိ၊ အနားယူချိန်မရှိဘဲ ဒါကို လုပ်နိုင်ပါ့မလား”

လက်ရှိမှာတော့ ဒီလုပ်ဆောင်မှုနဲ့ ပတ်သက်ပြီးတော့ ရန်ပုံငွေရှာဖွေရေး ဝက်ဘ်ဆိုက်ဒ် တခု ဖြစ်တဲ့ gofund.me ကတဆင့် မျှော်မှန်းရန်ပုံငွေ ဩစတြေးလျဒေါ်လာ ၁၂,၀၀၀ ထိ ရရှိနိုင်ဖို့ တင်ထားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ရန်ပုံငွေပမာဏ ၁၀,၀၀၀ ကျော် ရရှိနေပြီ ဖြစ်ပါတယ်။

ကောက်ခံရရှိသမျှ ရန်ပုံငွေအားလုံးကိုတော့ မြန်မာနိုင်ငံအတွင်းနဲ့ နယ်စပ်ဒုက္ခသည် စခန်းတွေမှာ ရှိတဲ့ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို ထောက်ပံ့သွားမှာဖြစ်လို့ ပမာဏ ဘယ်လောက်မဆို လှူဒါန်းနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

သူ့ရဲ့ ၂၄ နာရီ စွန်လွှတ်မဲ့ အစီအစဉ်ကိုတော့ သြစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်၊ ကီလာနီ ကမ်းခြေမှာ အခုလာမဲ့ မတ် ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013