DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှား ဆယ်ကျော်သက်ကို လူကုန်ကူးခဲ့သည့် သြစတြေးလျအမျိုးသား ၁ ဦး တရားစွဲခံရ
DVB
·
July 24, 2024
အင်ဒိုနီးရှား ဆယ်ကျော်သက်ကို လူကုန်ကူးခဲ့သည့် သြစတြေးလျအမျိုးသား ၁ ဦး တရားစွဲခံရ
Donate to DVB

အသက် ၁၇ နှစ်အရွယ် အင်ဒိုနီးရှား ဆယ်ကျော်သက်တဦးကို လိင်လုပ်ငန်းလုပ်ကိုင်စေဖို့ ရ့ည်ရွယ်ချက်နဲ့ သြစတြေးလျနိုင်ငံဆီပို့ဆောင်ပေးခဲ့တဲ့ အသက် ၄၃ နှစ်အရွယ် အမျိုးသား တဦးကို သြစတြေးလျ ရဲတပ်ဖွဲ့က  ဇူလိုင် ၂၃ ရက်မှာ လူကုန်ကူးမှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

ဒီအမှုဟာ တကယ်ကို ရှုပ်ထွေးတဲ့ စုံစမ်းစစ်ဆေးမှုတခုဖြစ်ပြီး ဆစ်ဒနီမှာ လူကုန်ကူးမှုဆိုင်ရာ အထူးကျွမ်းကျင်သူ အဖွဲ့တဖွဲ့က ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ရဲ့ နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်မှ စုံစမ်းစစ်ဆေးရေးမှူး ကိတ်ဖယ်ရီက ပြောပါတယ်။

ဆစ်ဒနီတောင်ပိုင်းရှိ အားန်ကလစ်ဖ်ရပ်ကွက်မှ အဲဒီအမျိုးသားကို သြစတြေးလျမှာ လိင်အလုပ် လုပ်ကိုင်နေတဲ့ အမျိုးသမီးအတော်များများနဲ့ ဆက်နွှယ်နေတာကို ဖော်ထုတ်တွေ့ရှိခဲ့ရပြီး အမြင့်ဆုံး ထောင်ဒဏ် ၂၅ နှစ်အထိ ချမှတ်နိုင်တဲ့ ကလေးသူငယ် လူကုန်ကူးမှုနဲ့ စွဲချက်တင်ထားတယ်လို့ ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့က ပြောပါတယ်။ 

သြစတြေးလျနိုင်ငံဆီကို ဒုက္ခသည်တွေ ပို့ဆောင်ပေးမယ်ဆိုပြီး လူစုဆောင်းနေကြောင်း စွပ်စွဲခံထားရတဲ့  အမျိုးသမီးတဦးကိုလည်း ဂျကာတာမှာ ဖမ်းဆီးထားပါတယ်။

နိုင်ငံတွင်းမှာ နိုင်ငံခြားသားအများအပြားက သူတို့ရဲ့ဗီဇာ အခြေအနေတွေကို ချိုးဖောက်ပြီး နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်မှာ လိင်လုပ်ငန်းထဲ အတင်းအကျပ် ခိုင်းစေခံနေရကြောင်း ဖက်ဒရယ် အထူးတပ်ဖွဲ့၊ လူကုန်ကူးမှုစစ်ဆင်ရေးအဖွဲ့ဟာ သတင်းထောက်လှမ်းရရှိပြီးနောက်မှာ မီရာနီ စစ်ဆင်ရေးလို့ ခေါ်တဲ့ လူကုန်ကူးမှု စုံစမ်းစစ်ဆေးရေးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ စတင်ခဲ့ ပါတယ်။ 

ဖက်ဒရယ်ရဲတပ်ဖွဲ့ဟာ ဒီထောက်လှမ်းရေး အချက်အလက်ကို အင်ဒိုနီးရှား အမျိုးသား ရဲတပ်ဖွဲ့နဲ့ မျှဝေခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လမှာ နယူးဆောက်သ်ဝေးလ်စ်နဲ့ ဂျကာတာ တို့မှာ တချိန်တည်းတပြိုင်တည်း ရှာဖွေဝရမ်းနဲ့ အရေးယူဆောင်ရွက်ခဲ့ကြောင်းလည်း စုံစမ်းစစ်ဆေးရေးမှူး ကိတ်ဖယ်ရီက ဆိုပါတယ်။

ဩစတြေးလျမှာ ရှာဖွေဝရမ်းတွေကို ဘန့်ခ်စီယာနဲ့ အားန်ကလစ်ဖ်ရပ်ကွက်တွေရှိ လူနေအိမ်ခန်းတွေမှာ လုပ်ဆောင်ခဲ့ပြီး နောက်ထပ် နိုင်ငံခြားသားတွေကိုလည်း လူကုန်ကူးမှုရဲ့ သားကောင်တွေအဖြစ် ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ 

စုံစမ်းစစ်ဆေးမှုအရ နယူးဆောက်သ်ဝေးလ်စ်မှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုကနေ အမျိုးသမီး ၇ ဦးကို ဖယ်ရှားခံခဲ့ရပြီး တခြားနိုင်ငံခြားသား အမျိုးသမီး အများအပြားကိုလည်း လူကုန်ကူးမှုရဲ့ သားကောင် ဖြစ်လာနိုင်ခြေရှိသူတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာရှိနေတဲ့ တခြားအမျိုးသမီးအများအပြားကိုလည်း ဖော်ထုတ်တွေ့ရှိခဲ့ပြီး သူတို့ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ ရည်ရွယ်ချက်နဲ့ သြစတြေးလျနိုင်ငံကို လူကုန်ကူးဖို့ ပြင်ဆင်နေတယ်လို့လည်း စွပ်စွဲထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013