DVB Logo
Home
နိုင်ငံတကာ
အကြမ်းဖက်ရာဇဝတ်မှုများ ထိန်းချုပ်ရန် တောင်အာဖရိက အစိုးရက စစ်တပ်ကို ဖြန့်ကြက်
DVB
·
March 12, 2026
အကြမ်းဖက်ရာဇဝတ်မှုများ ထိန်းချုပ်ရန် တောင်အာဖရိက အစိုးရက စစ်တပ်ကို ဖြန့်ကြက်
Donate to DVB

တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ရဲ့ ရပ်ကွက်တွေက အကြမ်းဖက် ရာဇဝတ်မှုတွေကို ထိန်းချုပ်ဖို့ မတ် ၁၁ ရက်က ဝက်စ်ဘူရီလမ်းတွေပေါ်မှာ သံချပ်ကာယာဉ်တွေနဲ့ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ စစ်သားတွေ ကင်းလှည့်ခဲ့ကြပါတယ်။

စနစ်တကျ ဖွဲ့စည်းထားတဲ့ ရာဇဝတ်ဂိုဏ်းတွေကို နိုင်ငံအဆင့် ပိုကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းမှုရဲ့ တစိတ်တပိုင်းဖြစ်တဲ့ စစ်ဆင်ရေးအတွင်း တောင်အာဖရိက အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (SANDF) အဖွဲ့ဝင်တွေဟာ ရဲတပ်ဖွဲ့နဲ့အတူ ဒေသတလျှောက် လှုပ်ရှားခဲ့ပါတယ်။

ပစ်ခတ်မှုတွေ၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် အကြာကြီး ဒုက္ခရောက်နေတဲ့ လူနေအိမ်တွေကို ခြေလျင် ကင်းလှည့် ကြည့်ရှုခဲ့ကြပါတယ်။

ဒေသခံတွေက ယာဉ်တန်းတွေ ဝင်လာတာကို ကြည့်ဖို့ လမ်းဘေးတွေနဲ့ အိမ်အပြင်ဘက်တွေ တလျှောက် စုဝေးခဲ့ကြပါတယ်။

ဝက်စ်ဘူရီဟာ နှစ်ပေါင်းများစွာကြာအောင် ဂိုဏ်းဂဏပဋိပက္ခတွေကို ကြုံတွေ့ခဲ့ရတာပါ။

ပုံမှန်သေနတ်ပစ်ခတ်မှုတွေကြောင့် မိသားစုတွေကို ကြောက်ရွံ့စေပြီး နေ့စဉ်ဘဝကို အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။

သေဆုံးမှုနဲ့ ဒဏ်ရာရမှုတွေ အပါအဝင် မကြာသေးမီက တိုက်ခိုက်မှု အမြောက်အမြားကြောင့် နိုင်ငံတော်က ပိုအားကောင်းကောင်း ဝင်ရောက်စွက်ဖက်ဖို့ ဒေသခံတွေက ပိုပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ပါတယ်။

စစ်တပ် ဝင်လာတာနဲ့အမျှ ရပ်ကွက်ထဲက လူအများအပြားက သတိထားတဲ့ မျှော်လင့်ချက်နဲ့ တုံ့ပြန်ခဲ့ကြပါတယ်။

ဒေသခံ ဘရစ်တနေး စကော့ထ်က “ကျမတို့ ပိုလုံခြုံတယ်လို့ ခံစားရပါတယ်။ ကွာခြားမှုတခု ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

သမ္မတ စီရေးလ် ရာမာဖှိုဆာက ပြီးခဲ့တဲ့လက နိုင်ငံတဝန်း ရာဇဝတ်မှုဖြစ်တဲ့ နေရာတွေမှာ စစ်တပ်က ရဲတပ်ဖွဲ့ကို ပံ့ပိုးပေးမယ်လို့ ကြေညာခဲ့ပါတယ်။

အုပ်စုဖွဲ့ရာဇဝတ်မှုတွေက တောင်အာဖရိကရဲ့ ဒီမိုကရေစီနဲ့ စီးပွားရေးတည်ငြိမ်မှုအတွက် တိုက်ရိုက်ခြိမ်းခြောက်မှုတခုအဖြစ် ဖော်ပြခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013