DVB Logo
Home
အားကစား
နစ်ဘန့်ဂရာဘယ် စက်ဘီးပြိုင်ပွဲ ပထမနေ့ ဒီမာချီနှင့် လိုင်းတို့ ဦးဆောင်
DVB
·
October 26, 2026
Photo: QUATTRO MEDIA
Photo: QUATTRO MEDIA
Donate to DVB

၇ ရက်ကြာ ယှဉ်ပြိုင်ရတဲ့ နစ်ဘန့်ဂရာဘယ် စက်ဘီးပြိုင်ပွဲ ပထမအဆင့်ကို အောက်တိုဘာ ၂၅ ရက်က တောင်အာဖရိကမှာ စတင်ကျင်းပခဲ့ပါတယ်။

ဒီပြိုင်ပွဲကို နိုင်ငံပေါင်း ၃၃ နိုင်ငံက စက်ဘီးသမား ၄၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြတာဖြစ်ပြီး ပထမအဆင့်ပြိုင်ပွဲမှာ အီတလီနိုင်ငံသား ဒီမာချီနဲ့ ဂျာမနီစက်ဘီးမယ် နီလီလိုင်းတို့က ဦးဆောင်နေပါတယ်။

ပထမအဆင့်ပြိုင်ပွဲဟာ ဂရေးရီနတ်ကနေ ဘလိုဝါးတားအထိ ကီလိုမီတာ ၉၀ အကွာအဝေးရှိတဲ့ လမ်းကြောင်းကို ယဉ်ပြိုင်ရပြီး လမ်းတလျှောက် မီတာ ၁,၄၅၀ အမြင့်ရှိတဲ့ လမ်းကြောင်း ပါဝင်ပါတယ်။

ပထမအဆင့်မှာ ဒီမာချီက တနာရီ ကီလိုမီတာ ၃၄ ဒသမ ၃ နဲ့ ပန်းဝင်အောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂရာဗယ် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့် ၄ ရခဲ့တဲ့ နီလီလိုင်းကလည်း အမျိုးသမီးပြိုင်ပွဲ ပထမနေ့မှာ ထိပ်ဆုံးကနေ ပန်းဝင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ နစ်ဘန့်ဂရာဘယ် စက်ဘီးပြိုင်ပွဲဟာ စုစုပေါင်း ကီလိုမီတာ ၇၅၀ အထိ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဖြစ်ပြီး လမ်းတလျှောက် အမြင့် ၈,၅၀၀ မီတာမြင့်တဲ့ လမ်းကြောင်းလည်း ပါဝင်တာ တွေ့ရပါတယ်။

ပြိုင်ပွဲဝင်တွေဟာ နေ့အလိုက် ယှဉ်ပြိုင်ရတာဖြစ်ပြီး လမ်းမှာပဲ တဲတွေထိုးပြီး နေထိုင်ကာ နောက်နေ့ ပြိုင်ပွဲဆက်လက်ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို လက်ရှိချန်ပီယံတွေဖြစ်တဲ့ တောင်အာဖရိက စက်ဘီးသမား မက်သရူးဘီးယားနဲ့ ပြင်သစ်စက်ဘီးမယ် ပရီဗော့တို့လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် ဒီပြိုင်ပွဲမှာ ၂၀၂၃ ပါရီရူဘေးဖမ်း စက်ဘီးပြိုင်ပွဲချန်ပီယံ ကနေဒါစက်ဘီးစီးမယ် အလီဆန်နဲ့ MTB မာရသွန် ကမ္ဘာ့ချန်ပီယံ ဂျာမန်စက်ဘီးသမား အန်ဒရီဆီဝက်တို့လည်း ပါဝင်ယှဉ်ပြိုင်ခဲ့တာ တွေ့ရပါတယ်။

၂၀၂၆ နစ်ဘန့်ဂရာဘယ်ပြိုင်ပွဲမှာ စုစုပေါင်းဆုကြေး ၁၅၅,၀၀၀ ပေးအပ်မှာဖြစ်ပြီး အချိန်တိုအတွင်း လူစိတ်ဝင်စားမှုအမြင့်ဆုံး ပြိုင်ပွဲတခုလည်း ဖြစ်လာပါတယ်။

ဒီပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့သူဟာ Fire Starter ဆိုတဲ့ အဖိုးတန်ဆုကိုလည်း လက်ခံရရှိမှာ ဖြစ်ပါတယ်။

Fire Starter ဆုဟာ ငှက်ကုလားအုတ်သားရေ၊ ၂၄ ကာရက်ရွှေ ၄၂ ဂရမ်၊ တိုက်တေနီယံ၊ ကြေးဝါ၊ ကားရူးသစ်သား စတဲ့အဖိုးတန်ပစ္စည်းတွေနဲ့ handmade ပြုလုပ်ထားတဲ့ဆုပဲ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013