
တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နာစဘာ့ဂ်မြို့ရဲ့ အနောက်တောင်ဘက်က ဝီဒီလာမြို့ထဲမှာရှိတဲ့ အရက်ဆိုင်တဆိုင်က ပစ်ခတ်မှုတခုမှာ လူ ၁၇ ယောက် သေဆုံးခဲ့ပြီးတဲ့နောက် တရားခံ ရှာဖွေဖမ်းဆီးရေးလုပ်ငန်းစဉ်ကို စလုပ်နေပြီလို့ တောင်အာဖရိကရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၇ ရက်မှာ ပြောပါတယ်။
သေဆုံးသူ ၁၇ ယောက်စလုံးဟာ ဖြစ်စဉ်နေရာမှာတင် သေဆုံးပြီးသားလို့ အရေးပေါ် ဆေးကုသရေးအဖွဲ့က အတည်ပြုကြေညာခဲ့ပါတယ်။
ပစ်ခတ်မှု ဖြစ်ရတဲ့အကြောင်းရင်းကို မသိရသေးဘူးလို့ တောင်အာဖရိကရဲတပ်ဖွဲ့က ပြောပါတယ်။
သံသယ ရှိသူတွေဟာ AK-47 ရိုင်ဖယ်တွေနဲ့ ပစ္စတိုသေနတ်တွေကို ကိုင်ထားတယ်လို့ သတင်းရတဲ့ အကြောင်းကိုလည်း ရဲတပ်ဖွဲ့က ဖြည့်စွက်ပြောပါတယ်။
Source: Reuters










