DVB Logo
Home
မြန်မာသတင်း
မော်လိုက်တွင် စစ်မှုထမ်းတပ်သားသစ် ၁ ဦးနှင့် ပျူစောထီး ၁ ဦး လက်နက်နှင့်အလင်းဝင်
DVB
·
March 11, 2026
မော်လိုက်တွင် စစ်မှုထမ်းတပ်သားသစ် ၁ ဦးနှင့် ပျူစောထီး ၁ ဦး လက်နက်နှင့်အလင်းဝင်
Donate to DVB

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ထဲမှာ မတ်လ ပထမပတ်အတွင်း စစ်မှုထမ်းတပ်သားသစ် တယောက်နဲ့ ပျူစောထီးအဖွဲ့ဝင်တယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက် ပူးပေါင်းလာတယ်လို့ မော်လိုက်အခြေစိုက် တော်လှန်ရေးအင်အားစုဆီကနေ သိရပါတယ်။

မော်လိုက်အခြေစိုက် တော်လှန်ရေးအင်အားစုရဲ့ ပြန်ကြားရေးတာဝန်ရှိသူတယောက်က “အခုလ ၃ ရက်နေ့မှာ အလင်းဝင်လာတဲ့သူက ကျနော်တို့ မော်လိုက်မြို့နယ်ထဲက ပျူစောထီး တယောက်ပါ။ ၇ ရက်နေ့မှာ အလင်းဝင်လာတဲ့သူကတော့ ပေါ်တာဆွဲခံရပြီးတော့ စစ်မှုထမ်းနေရသူ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မတ် ၃ ရက်မှာ အလင်းဝင်ရောက်သူ ပျူစောထီးအဖွဲ့ဝင်နဲ့အတူ MA4 သေနတ်တလက်၊ ကျည်ဘောက် ၂ ခု၊ ၄၀ မမ ဗုံးသီး ၃ လုံးနဲ့ လက်ပစ်ဗုံးတလုံးတို့ ယူဆောင်လာတာဖြစ်ပြီး မတ် ၇ ရက်မှာ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သားသစ်ကတော့ ကျည်အတောင့် ၈၀ ကျော်၊ ကျည်ဘောက် ၂ ခုနဲ့ လက်ပစ်ဗုံးတလုံးတို့နဲ့အတူ အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

မော်လိုက်အခြေစိုက် တော်လှန်ရေးအင်အားစု တာဝန်ရှိသူက “Gun ပါလာတဲ့ ပျူစောထီးကိုတော့ ဆုကြေးငွေ သိန်း ၅၀ ပေးအပ်လိုက်ပါတယ်။ Gun ပါမလာတဲ့ တပ်သားသစ်ကတော့ ဆုကြေးငွေမရပေမဲ့လည်း သူ့အတွက် အသုံးစရိတ်တော့ ပေးအပ်ထားပါတယ်။ သူတို့ ၂ ယောက်လုံးကို လုံခြုံတဲ့နေရာမှာ ပို့ဆောင်ပေးထားပြီး ဘာဆက်လုပ်ကြမယ် ဆိုတာကတော့ တိုင်ပင်နေကြတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ ရှိနေကြတဲ့ တပ်ဖွဲ့ဝင်တွေ၊ တပ်သားသစ်တွေနဲ့ ပျုစောထီးတွေ ​အနေနဲ့ အမြင်မှန်ရပြီး တော်လှန်ရေးတပ်ဖွဲ့တွေဆီကို အမြန်ဆုံး ပူးပေါင်းကြဖို့နဲ့ အလင်းဝင်ရောက် ပူးပေါင်းလာကြသူတွေကိုလည်း နွေးနွေး​ထွေးထွေး ကြိုဆိုနေတယ်လို့ သူက ဆက်ပြောပါတယ်။

အခုရက်ပိုင်း စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းလေတပ်စခန်းကနေ ဂျက်ဖိုက်တာတွေ မကြာခဏ​ ပျံတက်နေတာကြောင့် ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ပင်လယ်ဘူးမြို့နယ်တွေက ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်အန္တရာယ်တွေကို သတိထား နေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013