DVB Logo
Home
အားကစား
ကစားသမားဘဝ သွင်းဂိုး ၉၀၀ ပြည့်ရန် ၁ ဂိုးသာ လိုတော့သည့် မက်ဆီ
DVB
·
March 8, 2026
ကစားသမားဘဝ သွင်းဂိုး ၉၀၀ ပြည့်ရန် ၁ ဂိုးသာ လိုတော့သည့် မက်ဆီ
Donate to DVB

ဒီစီယူနိုက်တက်နဲ့ပွဲမှာ ဂိုးသွင်းခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် မက်ဆီဟာ ကစားသမားဘဝ သွင်းဂိုး ၉၀၀ ပြည့်ဖို့ တဂိုးသာ လိုပါတော့တယ်။

သူဟာ အင်တာမိုင်ယာမီအတွက် ၈၀ ဂိုး၊ ဘာစီလိုနာအတွက် ၆၇၂ ဂိုး၊ PSG အတွက် ၃၂ ဂိုးနဲ့ အာဂျင်တီးနားအတွက် ၁၁၅ ဂိုး သွင်းယူထားတာပါ။ 

မက်ဆီဟာ လာမဲ့ မတ် ၁၁ ရက် ကစားမဲ့ နက်ရှ်ဗီးလ်နဲ့ပွဲမှာ ၉၀၀ မြောက်ဂိုးကို သွင်းယူနိုင်ဖို့ အခွင့်အရေး ရရှိမှာ ဖြစ်ပါတယ်။

တကယ်လို့ ၉၀၀ ပြည့်ခဲ့ရင် ၂၀၂၄ စက်တင်ဘာမှာ အဆိုပါမှတ်တိုင်ကို ရောက်ခဲ့တဲ့ စီရော်နယ်ဒိုရဲ့ နောက်မှာ ပူးတွဲရပ်တည်နိုင်မှာပါ။

၈ ကြိမ်မြောက် ဘလွန်ဒီအောဆုရှင် မက်ဆီအနေနဲ့ အဆိုပါ မှတ်တိုင်သစ်ကို မျှော်လင့်ထားသလို ရောက်ရှိနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013