DVB Logo
Home
နိုင်ငံတကာ
လက်ဘနွန် ပစ်မှတ် ၅၀၀ ကျော်ကို အစ္စရေးတိုက်ခိုက် (ဓာတ်ပုံ) 
DVB
·
March 8, 2026
လက်ဘနွန် ပစ်မှတ် ၅၀၀ ကျော်ကို အစ္စရေးတိုက်ခိုက် (ဓာတ်ပုံ) 
1 / 5
Donate to DVB

အစ္စရေးနဲ့ လက်ဘနွန်နယ်စပ်မှာ တင်းမာမှုတွေ ဆက်လက်မြင့်တက်နေပြီး အစ္စရေးစစ်တပ်ဟာ ဒီတပတ်အတွင်း လက်ဘနွန်နိုင်ငံထဲက ပစ်မှတ်ပေါင်း ၅၀၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ မတ် ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အီရန်ကျောထောက်နောက်ခံပြု ဟက်ဇ်ဘိုလာနဲ့ ပဋိပက္ခကြီးထွားလာမှုအတွင်း အစ္စရေး လေတပ်ဟာ သောကြာနေ့မှာ လက်ဘနွန်မြို့တော် ဘေရွတ်မြို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုကြောင့် လက်ဘနွန်ပြည်သူတွေ နေအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး အထူးသဖြင့် လူနေထူထပ်တဲ့ ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တွေနဲ့  လက်ဘနွန်တောင်ပိုင်း၊ အရှေ့ပိုင်းက သောင်းနဲ့ချီတဲ့ ဒေသခံတွေကိုလည်း အမြန်ဆုံး ဘေးလွတ်ရာ ရှောင်ကြဖို့ အစ္စရေးဘက်က အမိန့်ထုတ်ထားပါတယ်။ 

အစ္စရေးစစ်တပ် ထုတ်ပြန်တဲ့ ဗီဒီယိုတွေမှာ ဘေရွတ်တောင်ပိုင်းကို လေကြောင်းကနေ ပြင်းပြင်းထန်ထန် ဗုံးကြဲနေတာကို တွေ့မြင်ရပါတယ်။

တချိန်တည်းမှာပဲ အစ္စရေးမြောက်ပိုင်းနယ်စပ်ဘက်မှာ တင့်ကားတွေနဲ့ သံချပ်ကာစစ်ယာဉ်တွေ နေရာယူထားတာကို မြင်တွေ့ရပြီး၊ နယ်စပ်တခြားဘက် လက်ဘနွန်တောင်ပိုင်းဘက်မှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် မီးခိုးတန်းတွေ တက်နေတဲ့ မြင်ကွင်းတွေကိုလည်း မြင်တွေ့ရ ပါတယ်။ 

ဒီစစ်ပွဲက ပြီးခဲ့တဲ့အပတ်က အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့ရာကနေ ပိုမိုကျယ်ပြန့်လာတာပါ။ 

မတ် ၂ ရက်က အီရန်ရဲ့ အဓိကခေါင်းဆောင် အယာတိုလာ အလီခါမေနီ အသတ်ခံရမှုကို လက်စားချေတဲ့အနေနဲ့ လက်ဘနွန်က လက်နက်ကိုင်အဖွဲ့အစည်း ဟက်ဇ်ဘိုလာက အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ စတင် ပစ်ခတ်ခဲ့ရာကနေ လက်ဘနွန်နိုင်ငံပါ ဒီစစ်ပွဲထဲကို ဆွဲသွင်းခံလိုက်ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013